မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရနိုင်ခဲ့တဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ စစ်အစိုးရအုပ်ချုပ်မှု ကာလတလျှောက်လုံးမှာ
ခမ်းခမ်းနားနား မကျင်းပဖြစ်တော့တဲ့ အခြေအနေကနေ အခုလို ပြန်ကျင်းပဖြစ်လာတဲ့အခါ ရန်ကုန်မှာ သွားလာ လှုပ်ရှားနေရတဲ့ ပြည်သူတွေအကြား အထူးအဆန်းလို ဖြစ်ရတယ်လို့လည်း ပြည်သူတွေ ကပြောပါတယ်။ ဒီ အကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က ဗွီအိုအေ သတင်းထောက်ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
အခု ကြားခဲ့ရတဲ့အသံတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့တဲ့ ဆယ်နာရီ၊ ၃၇ မိနစ်မှာ ဆွဲခဲ့တဲ့ ဥသြသံတွေ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် တစ်လျှေက်မှာ မှေးမှိန်အောင်လုပ်ခံထားရတဲ့ အာဇာနည်နေ့ကို ဒီကနေ့မှာတော့ နိုင်ငံတော် အခမ်းအနားနဲ့ အာဇာနည်ကုန်းမှာကျင်းပခဲ့ပါတယ်။
မနက် ၈ နာရီကစတင်ပြီး အာဇာနည်ကုန်းမှာ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတက်ရောက်ပြီး လွမ်းသူ့ ပန်းခွေချ အလေးပြုခဲ့သလို လွှတ်တော်နှစ်ရပ်က ဒုဥက္ကဋ္ဌတွေလည်း တက်ရောက်အလေး ပြုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျဆုံးအာဇာနည်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက် ဂါရဝပြုကြပါတယ်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့အချိန် ၁၀း၃၇ မှာ ရန်ကုန်မြို့ နေရာအနှံ့လောက်နီးပါး မှာ ကိုယ်ပိုင်ဥသြဆွဲတာတွေ၊ ကားတွေရပ်ပြီး ဟွန်းတီး အလေးပြုတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
နှစ်အစိတ်နီးပါးလောက် အာဇာနည်နေ့ကို ခမ်းခမ်းနားနား မကျင်းပတဲ့အချိန်ကနေ ဒီနေ့မှာ ဥသြဆွဲသံတွေနဲ့ ဂုဏ်ပြုခဲ့တဲ့ လုပ်ရပ်တွေကို မျက်မြင် ကြုံတွေ့လိုက်ရတဲ့ အချိန်မှာ ကြက်သီးသွားတဲ့အထိ ဖြစ်သွားခဲ့ရတယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကို ရောက်ခဲ့တဲ့ ကိုထက်က ဗွီအိုအေကို ပြောပါတယ်။
“ကားဟွန်းတီးတာလည်း ရှိတယ်။ ကားဟွန်းတီးတဲ့အချိန်မှာ ကြက်သီးထလောက်အောင်ဖြစ်သွားတယ်။ တစ်ခါမှလည်း မကြုံဖူးတော့လေ။”
“အဲလို မကြုံတာ ဘယ်နှစ်နှစ် ရှိသွားပြီလဲ။”
“ကျနော့် တစ်သက်ပါပဲ။ တစ်ခါမှ မကြုံဖူးတော့ ပျော်လည် ပျော်ရပါတယ်။ ဘယ်လို ပြောရမလဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ - လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ကျဆုံးသွားတဲ့ရဲဘော်တွေ အကုန်လုံးကို အမှတ်တရ ပြန်လုပ်ပေးတဲ့ပွဲကို ပြည်သူတွေ စိတ်အားထက်သန်စွာနဲ့ ပါဝင်ပြီးတော့ လုပ်ကြတာများတယ်။ ရန်ကုန်မြို့ထဲမှာဆိုလည်း ဟွန်းတွေတီးကြတယ်။ ဟွန်းတီးတဲ့အချိန်မှာဆို ကားတွေက မီးပွိုင့်ထိပ်မှာတောင် ရပ်ပြီးတော့ တီးကြတယ်။ မီးစိမ်းတာ၊ မီးနီတာတွေတောင် မကြည့်ကြတော့ဘူး။ အဲဒီလောက်အထိ ဖြစ်ကုန်ကြတယ်။”
မီးပွိုင့်တွေမှာ ကားတွေဟွန်းတီးကြတာဟာ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလို့လည်း ရန်ကုန်မြို့ခံတစ်ဦး ဖြစ်တဲ့ ကိုနေလင်းကပြောပါတယ်။
“ကျနော်လည်း အရမ်းပျော်သွားတယ်။ ပျော်ပြီးတော့ စိတ်ထဲမှာ တစ်ခုခု ရင်ခုန်သွားတာ၊ ကြက်သီးတွေ ထသွားတာ- အဲလိုမျိုး တခါမှ မကြားဘူးတော့လေ၊ ဒီအဖြစ်မျိုးကို တခါမှ မတွေ့ဘူးတော့- တော်တော်တော့ ကောင်းပါတယ်။”
ရန်ကုန်မြို့အပြင် တခြားနယ်မြို့တွေမှာလည်း အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကို ပြည်သူတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့က အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာလည်း အာဇာနည်နေ့ အခမ်အနားကို ကျင်းပခဲ့တာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ ဒီကနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာတက် ပြည်သူတယောက်အနေနဲ့ ဘာကြောင့် အာဇာနည်နေ့ကို မမေ့သင့်သလဲဆိုတာကို ခုလို ပြောကြားခဲ့ပါတယ်။
၆၆ နှစ်မြောက် လွမ်းသူ့ပန်းခွေချနေသော ဒေါ်အောင်ဆန်းစုကြည်။
“ကျမတို့ရဲ့ ခေါင်းဆောင်ကြီးတွေကို အမှတ်တရ ရှိတဲ့အခါမှာ ဘာအတွက် အမှတ်တရ ရှိရမှာလဲဆိုတာကို သေသေချာချာ စဉ်းစားကြည့်စေချင်တယ်။ ကျမအနေနဲ့ အာဇာနည်နေ့ဆိုတာဟာ တချို့ကတော့ ဝမ်းနည်းကြေကွဲစရာနေ့လို့ ထင်ကြတယ်ပေါ့နော်။ ဒါက တစိတ်တပိုင်း ပါပါတယ်။ ကျမတို့ရဲ့ ခေါင်းဆောင်ကြီးတွေ လွတ်လပ်ရေးမရခင် ကာလလေး အတွင်းမှာ ဆုံးရှုံးသွားရတယ်ဆိုတာ ဝမ်းနည်းကြေကွဲစရာဆိုတာ မှန်ပါတယ်။ သို့သော်လည်း တဘက်ကကြည့်မယ်ဆိုရင် ကျမတို့အနေနဲ့ ဒီဟာကို ဝမ်းနည်းကြေကွဲစရာမဟုတ်ဘဲ ဂုဏ်ယူရမယ့်နေ့တစ်ခုအဖြစ်လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့မှာ ဒီလို ခေါင်းဆောင်တွေ ရှိခဲ့တယ်၊ ရှိခဲ့လို့လည်း နောင်လည်း ဒီလိုခေါင်းဆောင်တွေ ပေါ်ပေါက်ဖို့ရာ အလားအလာတွေ ရှိတယ်ဆိုတဲ့ အသိနဲ့ ကျမတို့မှာ အားဖြည့်နိုင်တယ်။ ဂုဏ်ယူနိုင်တယ်။ ဒီတော့ ဒီခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတာ ဘာကြောင့် ကျဆုံးခဲ့ရတာဆိုတာကိုလည်း အလေးအနက်ထားပြီးတော့ စဉ်းစားဖို့လိုတယ်။ နောင် ဒါမျိုးတွေ မဖြစ်ရအောင်လို့ ကျမတို့က ကြိုးစားသွားရမယ်။”
ဒီကနေ့ အာဇာနည်နေ့ရဲ့ ထူးခြားမှုကတော့ မြန်မာအစိုးရပိုင် သတင်းစာသုံးစောင်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ ဆောင်းပါးတွေကို အကျယ်တဝင့် ထည့်သွင်းဖော်ပြထားသလို ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို မျက်နှာဖုံးတင်
ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အရင် စစ်အစိုးရ လက်ထက်တွေမှာတုန်းကတော့ အာဇာနည်နေ့မှာဆိုရင် အစိုးရပိုင် သတင်းစာတွေမှာလည်း အာဇာနည်နေ့အကြောင်း အရေးတစ်ယူ အသားပေး ဖော်ပြခဲ့တာမရှိသလို ပုဂ္ဂလိကပိုင် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဖော်ပြရင်လည်း စာပေစိစစ်က ခေါ်ယူ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။ အစိုးရပိုင် ရုပ်/သံ မီဒီယာတွေ ဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာလည်း အာဇာနည်နေ့အခမ်းအနားကို တိုက်ရိုက်ထုတ်လွင့်ပေးခဲ့သလို ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတွေကို ထုတ်လွှင့် ပေးခဲ့တာပါခင်ဗျား။