သီရိလင်္ကာ ဘာသာရေးအဓိကရုဏ်းနဲ့ မြန်မာဘုန်းတော်ကြီးများ အခြေအနေ

သီရိလင်္ကာ ဘာသာရေးအဓိကရုဏ်း

သီရိလကာၤနိုင်ငံ ကန္ဒီခရိုင်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင် အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခဖြစ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့အစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေ ၁၀ ရက် သတ်မှတ်ကြေညာထားပါတယ်။ အများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေကြား ပဋိပက္ခ ဖြစ်ခဲ့တဲ့ ကန္ဒီ ခရိုင်တွင်းမှာတော့ ချက်ချင်း ညမထွက်ရ အမိန့် ကြေညာပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။ မြန်မာနိုင်ငံက စာသင်သား ရဟန်းတွေနဲ့ သီလရှင်တွေ ရာနဲ့ချီ ရှိနေတဲ့ သီရိလင်္ကာ နိုင်ငံတွင်း လုံခြုံရေး နောက်ဆုံး အခြေအနေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သီရိလကာၤ နိုင်ငံ ကန္ဒီ ခရိုင်တွင်းက တေဒေနိယမြို့မှာ အများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ အနည်းစု မူဆလင် လူမှု အသိုင်းအဝိုင်းကြားမှာ မနေ့ တနလာၤနေ့က ပဋိပက္ခ ဖြစ်ခဲ့ပြီးနောက်မှာတော့ အစိုးရက မြို့ကို ညမထွက်ရ အမိန့် ထုတ်ထားတာပါ။ အခင်းဖြစ်ခဲ့တဲ့ ကန္ဒီ ခရိုင်တွင်းမှာ မြန်မာနိုင်ငံက စာသင်သား ရဟန်းတွေနဲ့ သီလရှင် စုစုပေါင်း ၃၆ ပါးလောက် ရှိနေပြီး အခုအချိန်ထိတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိတယ်လို့ စာသင်သား ဦးပဉ္စင်း အရှင် ဓမ္မိသာရ က မိန့်ပါတယ်။

"လူစုလူဝေးဖြစ်မှာစိုးလို့ထင်တယ် သူတို့မထွက်ခိုင်းတာရှိတယ်လေ။ ညနေ ၆ နာရီခွဲလောက်ကနေ မနက် ၆ နာရီအထိ အဲဒီလောက်အထိပဲ သတ်မှတ်တာပါ။ မနေ့ကဦးပဉ္စင်း သွားတဲ့အခြေအနေကတော့ မနေ့ကန္ဒီရောက်ခဲ့တယ်။ ဘယ်လိုမျိုးပြောမလဲ လုံခြုံရေးတွေ ဘာတွေချတာကတော့ မရှိဘူး။

ဦးပဉ္စင်းအတွေ့အကြုံအရပြောမယ်ဆိုရင် တခုခုဖြစ်မယ်ဆိုရင် တော်တော်များများ ချက်ချင်းရောက်လာတယ် ရဲတို့ စစ်တပ်တို့ကလေ ရောက်လာပြီးတော့ သူတို့က ထိန်းချုပ်တာ။ သူတို့က အဖြစ်မခံဘူးပေါ့ မပြန့်ခိုင်းဘူး ဘေးဘယ်တွေကို ။ အဲဒီတခုကတော့ မြင်ရတယ်ပေါ့နော်။ ကန္ဒီဘက်မှာဖြစ်ပေမယ့် ဦးပဉ္စင်းတို့ဘက်ကို မရောက်လာဘူး ၊ သတင်းလည်းမကြားဘူး။ ဒါပေမယ့် တခုတော့ဖြစ်တယ် ဒီနေ့ ဘက်စ်ကားတွေ မသွားဘူး ၊ ကြဲတယ်ပေါ့နော် ဘက်စ်ကားထွက်တာ ဘာကြောင့်လဲတော့ ဦးပဉ္စင်းတို့ မသိဘူး။"


ဒီကနေ့ အင်္ဂါနေ့မှာတော့ အစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေ ၁၀ ရက်ကြေညာလိုက်တာပါ။ တေဒေနိယမြို့က မူဆလင်ပိုင် ဈေးဆိုင်တခုကို လူအုပ်က မီးရှို့ခဲ့ပြီးနောက်မှာတော့ ဆင်ဟာလိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနဲ့ လူနည်းစု မူဆလင်တွေကြား ပဋိပက္ခတွေ မဖြစ်ရေး အစိုးရက တပ်ဖွဲ့တွေ၊ အထူး ရဲတပ်ဖွဲ့တွေကို စေလွှတ်ထားပါတယ်။

မူဆလင်ပိုင် ဈေးဆိုင်ကို လူအုပ်က မီးရှို့ခဲ့ပြီး နှစ်ဘက် လူမှု အသိုင်းအဝိုင်းကြား ဆူပူမှု ဖြစ်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေး အတွက်လည်း မနေ့ တနလာၤနေ့မှာ ကန္ဒီမြို့က ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ မြန်မာ စာသင်သား ရဟန်း ၃၀၀ ကျော် သတင်းသုံးနေတဲ့ မြို့တော် ကိုလံဘိုမှာလည်း အခြေအနေ တည်ငြိမ်နေပါတယ်။ ကိုလံဘိုမှာ သတင်းသုံးနေတဲ့ ဦးပဉ္စင်း အရှင် ညဏိန္ဒက အခုလို မိန့်ပါတယ်။

"အခြေအနေက ကိုလံဘိုမှာ အားလုံးတည်ငြိမ်နေတယ်။ နဂိုအရင်အတိုင်းပဲ ဘာမှ ထူးထူးခြားခြား ဖြစ်တာမရှိဘူး ဖြစ်တာကတော့ ကန္ဒီမှာဆိုတော့ ကန္ဒီမှာတော့ နည်းနည်းဖြစ်တာပေါ့ ညမထွက်ရအမိန့်ထုတ်ထားတယ်ဆိုတော့ သမန်အခြေအနေတော့မဟုတ်ဘူးပေါ့ ကိုလံဘိုမှာတော့ ပုံမှန်အခြေအနေပါပဲ ဘာမှ ထူးထူးခြားခြားမဖြစ်ဘူး။"

လူဦးရေ ၂၁ သန်းရှိတဲ့ သီရိလကာၤနိုင်ငံမှာ မူဆလင် လူဦးရေက ၉ ရာခိုင်နှုန်းသာ ရှိပြီး ၇၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဟိန္ဒူ ဘာသာဝင်ကတော့ ၁၃ ရာခိုင်နှုန်း နေထိုင်နေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သီရိလင်္ကာ ဘာသာရေးအဓိကရုဏ်းနဲ့ မြန်မာဘုန်းတော်ကြီးများ အခြေအနေ