မြန်မာနိုင်ငံဟာ အလားအလာကောင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် အတွင်း စိုက်ပျိုးရေး ကဏ္ဍဟာ ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးပဲ အောက်ခြေအဆင့်မှာ ရှိနေတာပါ။ အကျိုး ဆက်ကတော့ ထွက်တဲ့ ကောက်ပဲ သီးနှံ အရည်အသွေး ကောင်းမွန်မှု မရှိတာ ဖြစ်ပြီး နိုင်ငံသား သုံးပုံ နှစ်ပုံကျော် တောင်သူ လယ်လုပ် အသက်မွေးကြပေမယ့် စားနပ်ရိက္ခာ မဖူလုံ တာနဲ့ ဆင်းရဲတွင်း နက်လာတာ ဖြစ်ပါတယ်။
ဒါကို ဖြေရှင်းနိုင်ဖို့ အတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်အောင် လုပ်ဖို့ လိုပါတယ်။ မြေယာကို စံနစ်တကျ အသုံးချရေး၊ စိုက်ပျိုးရေးအတွက် ရေရရှိရေး
ဆန်ကို အဓိက စိုက်ပျိုးတဲ့ မြန်မာနိုင်ငံအတွက် ဆန်နဲ့ပါတ်သက်ပြီး သုတေသနလုပ်ငန်းတွေ အခုထက်ပိုလုပ်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအတွက် သုတေသနလုပ်ငန်းတွေ လုပ်ခဲ့သူ စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်း က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံ ဆန်စပါး သုတေသန ဌာနဟာ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဌာန International Rice Research Institute က ပို့ပေးတဲ့ မျိုးစေ့တွေကို ရာနှုံးပြည့်အားထားနေရတယ်လို့ ဆိုပါတယ်။ အဲဒီက မှတဆင့် ဖွံ့ဖြိုးတိုးတက်မှုသိပ်မရှိတဲ့ ဒေသအလိုက် ဖွင့်ထားတဲ့ သုတေသန ဌာနလေးတွေဆီကိုပို့၊ ရေမြေ ရာသီနဲ့ ကိုက်မကိုက် စမ်းသပ်၊ ကိုက်ညီတာတွေကို မျိုးပွါးပြီး တောင်သူလယ်သမားတွေကို ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး အဓိကလုပ်ဆောင်တဲ့နိုင်ငံ တနိုင်ငံဖြစ်ပေမယ့် ရေဇင်း သုတေသနဌာန တခုထဲ ရှိနေတာမို့ မလုံလောက်တဲ့အပြင် အခု နေပြည်တော်မှာ ပြောင်းဖွင့်ထားတဲ့ ဒီသုနေသနဌန အတွက် ချထားပေးတဲ့ ရံပုံငွေက သိပ်နဲနေတယ်လို့ လည်း ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍအတွက် တကယ်တမ်း ဖွံ့ဖြိုးတိုးတက်စချင် တယ်ဆိုရင် သုတေသနလုပ်ငန်းတွေကို အခုထက်ပိုပြီး အားပေးဖို့ လိုအပ်တယ်လို့လည်း အကြံပေးပါတယ်။