မြန်မာကျောင်းသားတွေအတွက် ကွန်ပြူတာ Interface

ဂျပန်တက္ကသိုလ် ကျောင်းသူတဦးနဲ့ ဦးနှောက်အလုပ်လုပ်ပုံကို လေ့လာတဲ့ computer interface

Interface လို့ခေါ်တဲ့ သီးခြားစံနစ် ၂ ခု ဆုံတွေ့တာ၊ ဆက်သွယ်တာနဲ့ ပါတ်သက်ပြီး ကွန်ပြူတာနည်းပညာမှာ ပုံစံအမျိုးမျိုးတွေ့နိုင်ပါတယ်။

user interface လို့ခေါ်တဲ့ keyboard တွေ mouse တွေကို လူတွေက သုံးပြီး ကွန်ပြူတာထဲမှာ အလုပ်လုပ်တဲ့စံနစ် operating system ကို ဆက်သွယ်ခိုင်းစေနိုင်သလို software interface လို့ခေါ်တဲ့ လူအချင်းချင်း ဆက်သွယ်ရာမှာ သုံးတဲ့ ဘာသာစကားတို့ code တို့ကို ကွန်ပြူတာ hardware နဲ့ ဆက်သွယ်တာနဲ့ hardware interface လို့ခေါ်တဲ့ အချင်းချင်းဆက်သွယ်ရာမှာသုံးတဲ့ hardware device တွေကို ဝါယာကြိုးတွေ၊ ပလပ်တွေ၊ socketခေါင်း တွေနဲ့ ဆက်သွယ်သုံးတာမျိုးပါ။

Interface တွေကို ကွန်ပြူတာထဲမှာ လိုအပ်တဲ့ software ထည့်သွင်းပြီး sensor လို့ခေါ်တဲ့ အာရုံခံကရိယာတွေနဲ့ တွဲပြီး ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ တို့လို သိပံ ဓါတ်ခွဲခန်းတွေမှာ အသုံးချနိုင်တဲ့အပြင် ဒီ interface တွေ၊ software တွေနဲ့ sensor တွေဟာ ဈေးလည်း သိပ်မကြီးလှတဲ့အတွက် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ သင့်တယ်လို့ မြန်မာနိုင်ငံက စာသင်ခန်းတွေမှာ ကွန်ပြူတာ Interface သုံးပြီး ထိထိရောက်ရောက်သင်ကြားနိုင်အော
င် ကျိုးစားနေတဲ့ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။