အဏုမြူ ဂါမာပေါက်ကွဲမှုနဲ့ စကြာဝဠာ

Ultraviolet, X-Ray images of gamma-ray burst

အာကာသရဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမှုဖြစ်တဲ့ အနုမြူဂါမာ ပေါက်ကွဲမှုဟာ ပေါက်ကွဲမှုတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုတွေကို စကြာဝဋ္ဌာထဲမှာ မကြာခဏတွေ့ရလေ့ရှိပြီး ၂၀၁၃ အေပြီလထဲမှာ ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုဟာ စံတင်လောက်အောင် ကြီးမားပြီး ၁၉၉၉ ခုနှစ်မှာတွေ့ရတာထက် ၅ ဆလောက်ကြီးတယ်လို့ နာဆာကပြောပါတယ်။

တကယ်လို့ ဒီအနုမြူဂါမာ ပေါက်ကွဲမှုထဲက ရောင်ခြည်တချို့ကိုသာ ကမ္ဘာက လက်ခံရမယ်ဆိုရင် လေထုလွှာ ပျက်စီးပြီး X-Ray ကအစ ခရမ်းလွန်ရောင်ခြည်လို ရောင်ခြည်မျိုးစုံ ကျရောက်လာမှာဖြစ်တဲ့အတွက် ကမ္ဘာဟာ ပိုပူလာမှာ ဖြစ်ပါတယ်။ ပူလာတာနဲ့အမျှ သမုဒ္ဒရာအောက်မှာ အေးခဲနေတဲ့ မီသိန်းတွေ အရည်ပျော်လာပြီး မီးစတချက်ထိရုံနဲ့ ကမ္ဘာကို မီးလောင်တိုက်သွင်းသလို ဖြစ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီအနုမြူဂါမာ ရောင်ခြည် ပေါက်ကွဲမှုတွေဟာ စကြာဝဋ္ဌာတခုရဲ့ မွေးဖွါးခြင်းနဲ့ သေဆုံးခြင်း ဖြစ်စဉ်တခုဖြစ်တယ်လို့ ဒေါက်တာဝင်းသာထွေးကပြောပါတယ်။