နာနိုနည်းပညာ

University of California, Irvine scientists built an electronic nano circuit and attached it to a lysozyme molecule, to track how it kills bacteria.

အရွယ်အစားတွေထဲမှာ သိပ်သေးငယ်တဲ့ ပစ္စည်းကလေးတွေထဲက အဆတသန်းငယ်တာကို မိုက်ခရို micro လို့ခေါ်သလို အဆ တကုဋေငယ်တာကို နာနို nano လို့ခေါ်တာပါ။ အက်တမ်လို အရွယ်အစား အရမ်းငယ်တဲ့ ပစ္စည်းတွေနဲ့ ပါတ်သက်တဲ့ နည်းပညာကို nanotechnology လို့ခေါ်ပါတယ်။ နာနိုနည်းပညာမှာ ဘာသာရပ်တွေ အများကြီး စုပေါင်းပြီး လုပ်ဆောင်ကြရတာဖြစ်ပါတယ်။

ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒလို သိပ္ပံဘာသာရပ်တွေမှာဖြစ်စေ အင်ဂျင်နီယာ ပညာရပ်တွေမှာ ဖြစ်စေ သိပ်သေးငယ်တဲ့ အစိတ်အပိုင်းတွေ နဲ့ ဆက်နွယ်လာရင် nano science -သိပ္ပံ nano technology -နည်းပညာလို့ သတ်မှတ်ပါတယ်။ ဆေးပညာမှာလည်း nano medicine လို့ခေါ်တဲ့ နည်းပညာ တဖြေးဖြေးတိုးတက်လာတာနဲ့ အမျှ ကုသမှုတွေမှာ ထိရောက်လာခဲ့ပါတယ်။ ဥပမာ ကင်ဆာရောဂါအတွက် ကုသရာမှာ နာနိုနည်းပညာနဲ့ တီထွင်ထားတဲ့ ဆေးတွေ စက်ပစ္စည်းတွေကို သုံးပြီး ကုသတာမျိုးပါ။ နောင်မှာ လူပုဂ္ဂိုလ် တဦးချင်းစီအတွက် ဖေါ်စပ်ပေးတဲ့ ဆေးတွေကို ထုတ်ပေးလာနိုင်တော့မယ် လို့ဆိုပါတယ်။

nanotechnology ကိုသုံးတဲ့ထဲမှာ ဥပမာ- ကွန်ပြူတာကိုကြည့်မယ်ဆိုရင် Nano အရွယ်အစားလို့ ပြောတာမို့ အရွယ်ဟာ သိပ်ကို သေးငယ်တဲ့အတွက် ကွန်ပြူတာထဲက memoryတို့ hard disk တို့လို devices ပစ္စည်းတွေမှာ စက်ပစ္စည်းတွေ ထည့်သွင်းမယ် ဆိုရင် ဧရိယာ သေးငယ်တာဟာ ပစ္စည်းတွေ အရင်ထက်ပိုပြီး ထည့်သွင်းနိုင်တဲ့ သဘောမို့ ပိုပြီး အသုံးကျလာမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကြောင့် အရင်က တယ်လီဖုံးအကြီးကြီးတွေကနေ တဖြေးဖြေး လက်ထဲဆုပ်ပြီး နေရာတကာသယ်သွားလို့ရတဲ့ ဖုံးတွေရလာတဲ့အပြင် TV ရော၊ ဖုံးရော၊ ကင်မရာပါ တပါထည်းပါတဲ့ iPhone တို့လို လက်ကိုင်ဖုံးတွေပါ ပေါ်လာခဲ့တာပါ။ နောင်မှာ nanotechnology ကြောင့် ဘယ်လောက်အထိပိုပြီး တိုးတက်လာမယ် ဆိုတာကို မှန်းဘို့တောင်ခက်တယ်လို့လည်း ဒေါက်တာစောဝေလှက ပြောပါတယ်။