နေကိုလေ့လာမယ့် Parker စူးစမ်းရေးယာဉ် (အပိုင်း ၁)

This image made available by NASA shows an artist's rendering of the Parker Solar Probe approaching the Sun.

Your browser doesn’t support HTML5

နေကိုလေ့လာမယ့် Parker စူးစမ်းရေးယာဉ် (အပိုင်း ၁)

NASA အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့က ၂၀၁၈ သြဂုတ်လ ၁၂ ရက်နေ့မှာ နေကို အနီးကပ်လေ့လာဖို့ အာကာသစူးစမ်းရေးယာဉ် တစင်းလွှတ်တင်လိုက်ပါတယ်။ ဘာ့ကြောင့် နေကို စူးစမ်းချင်တာပါလဲ။ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။

အာကာစူးစမ်းရေးယာဉ် နေကို လွှတ်တင်ဖို့ ဘာကြောင့် စီစဉ်ရတာ ပါလဲ။


ဒေါက်တာပဒေသာတင်။ ။ “နေကို ခုလို လွှတ်တင်ဖို့ စိတ်ကူး ရတယ် ဆိုတာက- အရင် voyager အာကာသ ဂြိုဟ်တုဆို ရင် နေစကြာဝဌာရဲ့ အပြင်ကို ရောက်သွားပြီ။ နေစကြာဝဌာမှာ ရှိတဲ့ ဂြိုဟ်ပတ်လမ်းတွေ၊ သုတေသနတွေ၊ သိပ္ပံအချက်အလက်တွေတော့ ပို့ပြီးသွားပြီ။ ဒါပေမယ့် တကယ့် နေစကြာဝဌာရဲ့ နေကိုတော့ သေသေချာချာ အနီးကပ်လေ့လာဖို့ အတွက်ကို တော်တော်ကို အချိန်ယူခဲ့ရပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ပထမဦးဆုံး စပြီး နေစကြာဝဌာကို သုတေသနလုပ် ဖို့ အတွက်က လိုတယ်ဆိုပြီး အမေရိကန် အစိုးရကို proposal လှမ်းတင်လိုက်တဲ့ အခါ ဒီသုတေသန လုပ်ဖို့ အတွက် စာတမ်းနဲ့ လှမ်းတင်လိုက်တဲ့ အခါကျတော့ သူတို့ တော်တော်ကို ဆုံးဖြတ်ယူရတယ်။ နောက်ဆုံး ၂၀၀၉ ခုမှာ ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုပြီးတော့ ဘတ်ဂျက်ချ ပေးတယ်။ သန်းရာပေါင်းများစွာ ကုန်ပါတယ်။ နေ အကြောင်းကို ကောင်းကောင်းသိချင်တဲ့ အတွက် နေကလာတဲ့ ဆိုလာ wind တို့ ဆိုလာ flare တို့ဆိုတာ ဘယ်ကလာလဲ၊ နေရဲ့ အကာမှာ ထွက်နေတဲ့ ion တွေပေါ့နော်။ သူ့မှာ အက်တမ်ရယ်လို့ မရှိဘူး။ သိပ်ကို ပူတဲ့ အချိန် အဲဒီက ရောင်ခြည်တွေက ဘယ်လောက် ရှိသလဲ၊ ဘယ်လို ဓါတ်ငွေ့တွေနဲ့ ပေါင်းထားသလဲ၊ ဆိုတာကို သေသေချာချာ တိတိကျကျ သိချင်တဲ့အတွက် လေ့လာတာ ဖြစ်ပါတယ်။”


အဲဒီလို နေရဲ့ ရောင်ခြည်တွေနဲ့ ပတ်ဝန်းကျင်ကို လေ့လာရင် ဘာအကျိုးရှိပါသလဲ


ဒေါက်တာပဒေသာတင်။ ။ “အကျိုးအမြတ်က ဘာရှိမလဲ ဆိုရင် လူတွေ အသက်ရှင်ဖို့ အတွက် နေစကြာဝဌာရှိတယ်၊ နေရှိတယ် ဆိုတော့ နေဘယ်ကနေ ဖြစ်လာသလဲ ဆိုတဲ့ဟာကို လေ့လာဖို့ အတွက်က အနန္တ စကြာဝဌာကြီးမှာ အနန္တ နေပေါင်း မြောက်များစွာ ရှိတယ်။ အဲဒီနေတွေဟာ သဘဝ အလျှောက် ဖြစ်လာလိုက် နှစ် သန်းထောင်ပေါင်းများစွာ ကြာတဲ့ အခါကျလို့ရှိရင် နေက white star တို့ red dwarf တို့ ဆိုပြီးတော့ နေတွေက ကွယ်ပျောက်သွားတယ်။ ပြီးတော့ နေတစင်း ပြန်ဖြစ်လာ တယ်။ အဲဒီတော့ ဒါတွေ ဘာကြောင့်ဖြစ်လာသလဲ။ ဘယ်လိုဖြစ်သလဲ၊ ဆိုတဲ့ဟာကို ကိုယ့် နေစကြာဝဌာ ထဲမှာ ရှိတဲ့နေကို စုံစမ်းခြင်းဖြင့် အရင်စကြာဝဌာတွေ၊ နောက် ဖြစ်လာမယ့် စကြာဝဌာတွေ ဘယ်လို ပေါ်လာသလဲ ဆိုတာကိုလည်း သိနိုင်တယ်။ အဓိကကတော့ ဒါပါပဲ။”


သိပ္ပံပညာရှင်တွေ နေစကြာဝဌာကြီးကို အဝေးက လေ့လာနေတာ ကြာပါပြီ။ အခု နေနားကို ကပ်သွားပြီး လေ့လာဖို့ ဘာကြောင့် လုပ်ရတာပါလဲ။


ဒေါက်တာပဒေသာတင်။ ။ “နေစကြာဝဌာရဲ့ မျက်နှာပြင်က အပူချိန် ဘယ်လောက် ရှိသလဲ၊ ရှိတဲ့အပူချိန်ကြောင့် ဖြစ်ပေါ်နေတဲ့ နေမျက်နှာပြင်မှာ ဖြစ်နေတဲ့ ရောင်ခြည်တွေ၊ စွမ်းအင်တွေ၊ နေမျက်နှာပြင်မှာ ရှိတဲ့ အီလက်ထရွန်တွေ၊ ပရိုတွန်တွေ၊ မြူမှုန်တွေဟာ ဘယ်လောက်ပမာဏနဲ့ ဘယ်လောက် အတိုင်းတာအထိ ရှိနေသလဲ ဆိုတာကို တိတိကျကျ တိုင်းတာဖို့အတွက်က ဒီနေကြပ်တဲ့ အခါ ကျမှပဲ တိုင်းလို့ရတယ်။ အဲဒါအတွက် နှစ်များစွာစောင့်ရတယ်၊ နေရာဒေသ များစွာကို သွားရတယ်၊ အခုကျတော့ ဒီလွှတ်လိုက်တဲ့ ဂြိုဟ်တုက နေပြီး နေနားရောက်သွားတဲ့ အခါ မှာ ထည့်ပေးလိုက်တဲ့ တိုင်းတဲ့ စက်ကရိယာတွေကနေ တောက်လျှောက် တိုင်းနိုင်ပါတယ်။
အဲဒီတော့ အဓိကက သက်ရှိသတ္တဝါတွေ၊ အပင်တွေ အသက်ရှင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အပူနဲ့ အလင်းရောင် ရဖို့ကို နေမရှိရင် မဖြစ်ဖူး။ ဒါကြောင့် နေအကြောင်းကို ပိုပြီး သိချင်တဲ့အတွက်ကြောင့် နေစကြာဝဌာကို လေ့လာတဲ့ သိပ္ပံသုတေသီတွေက မျက်နှာပြင် အပူချိန် ၅၀၀၀ - ၆၀၀၀ စင်တီဂရိတ် လောက် ပူတဲ့နေကို သုတေသန ဂြိုဟ်တု တလုံးကို လွှတ်တင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က။”


၂၀၀၂ ခုနှစ် မတိုင်ခင် Solar Probe ၂၀၁၀ ကနေ ၂၀၁၇ အထိ Solar Probe Plus နဲ့ ၂၀၁၇ က စပြီး Parker Solar Probe ဆိုတဲ့ နံမယ်တွေနဲ့ နေကိုစူးစမ်းဖို့အတွက် အဆင့်ဆင့် လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး အခုမှ နေနဲ့ အနီးဆုံး ကိုသွားပြီး လေ့လာဖို့ ယဉ်ကို နာဆာက လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။


ဒေါက်တာပဒေသာတင်။ ။ “ဒီဂြိုဟ်တု လွှတ်တဲ့ဟာကို Parker Solar Probe - ပါကာ နေသုတေသန ထောက်လှန်းရေးဂြိုဟ်တု လို့ အမည်ပေးထားပါတယ်။ ဆိုလာ wind ရှိတယ် ဆိုတဲ့ဟာကို ပထမဦးဆုံး စပြီးတော့ သီအိုရီ အရ တွက်ချက်ပြီး predict လုပ် ခန့်မှန်းခဲ့တာက Eugene Parker ဖြစ်ပါတယ်။ သူဟာ အခု အသက် ၉၁ နှစ် ရှိပါပြီ။ အခုထိ အသက်ထက်ရှား ရှိတုန်းပဲ။ Chicago တက္ကသိုလ် မှာ ပါမောက္ခ အနေနဲ့ ဆက်ပြီး အလုပ်လုပ်နေပါ သေးတယ်။ မစ္စတာ ပါကာကို ဂုဏ်ပြုတဲ့ အနေနဲ့ Parker Solar Probe လို့ နံမယ်ပေးပြီး ဂြိုဟ်တုကို လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။ အသက်ထင်ရှား ရှိနေတဲ့ သိပ္ပံပညာရှင်တယောက်ရဲ့ နံမယ်နဲ့ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုက ဒါ ပထမ ဦးဆုံးပါ။”


နေကနေ စွမ်းအင်တွေကို ယူကြပါတယ်။ နေမှာ ဒီလို စွမ်းအင်တွေ ဘယ်လိုရနေတာပါလဲ။


ဒေါက်တာပဒေသာတင်။ ။ “နေဟာ ဟိုက်ဒရိုဂျင် ၇၀% ဟီလီယမ် ၃၀ % ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားပြီး၊ ဒီနေရဲ့ စွမ်းအင်က ဘယ်ကရသလဲ ဆိုရင် ဒီ ဟိုက်ဒရိုဂျင် အရမ်းပူနေတဲ့ အချိန်မှာ ပလာစမာ ဖြစ်သွားပြီး အဲဒီဟိုက်ဒရိုဂျင်တွေ ပေါင်းပြီး ဟီလီယမ်ကို ပြောင်းသွားတဲ့အခါ ကျတော့ သူက စွမ်းအင်တွေ ထွက်လာတယ်။ အဲဒါကို ဟိုက်ဒရိုဂျင်ဗုံးမှာ နျူကလီယား ပေါင်းစည်းမှု ပေါ့နော်။ fission energy မဟုတ်ပဲ fusion energy လို့ ခေါ်ပါတယ်။ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့တွေ ပေါင်းပြီးတော့ ဟီလီယံ ပြောင်းသွားတဲ့ အခါ ထွက်လာတဲ့ ဓါတ်ငွေ့ပမာဏက သိပ်များပါတယ်။ နေရောင်ကနေ ပြီးတော့ ထုတ်တဲ့ စွမ်းအင်က အဲဒီကနေ ရတာပါပဲ။”
“အခု ရှိတဲ့ ကျွန်တော်တု့ိရဲ့ solar system နေစကြာဝဌာဟာ သူ့ရဲ့ သက်တမ်းအားဖြင့် ဆိုရင် သက်တမ်းက တဝက်ကျော် သွားပြီလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ဟိုက်ဒရိုဂျင် ၇၀ % လောက်ပဲ ကျန်တော့တယ်။ အဲဒီတော့ နောက် နှစ်ပေါင်း သန်းပေါင်း ထောင်ပေါင်း များစွာ အထိတော့ ဒီနေကြီးက ရှိနေအုံးမှာပဲ။”


ဒီနေကိုစူးစမ်းဖို့ Parker solar probe ယာဉ်ပေါ်မှာ ဘာစက်တွေ တပ်ဆင်ထားပါသလဲ။


ဒေါက်တာပဒေသာတင်။ ။ “မျက်နှာပြင်ပေါ်မှာ ဒီ မြူမှုန်တွေ၊ အိုင်းယွန်းတွေ ဘယ်လို ရှိနေတယ် ဆိုတဲ့ဟာကို လေ့လာဖို့အတွက် သူ့မျာ 3D ကင်မရာ CCD / CMOS ကင်မရာ (CCD (charge-coupled device) CMOS (complementary metal-oxide semiconductor) ဆိုတာ ပါသွားပါတယ်။ ဒီကင်မရာနဲ့ မြူမှုန်တွေကို တိုင်းမယ်၊ သံလိုက်အား၊ လျှပ်စစ်လှိုင်းအား တွေကို တိုင်းမှာ ဖြစ်ပါတယ်။ အဲဒီစက်ပစ္စည်းတွေ အပြင် ပရမာ အဏုမြူ အမှုန်တွေရဲ့ သိပ်သည်းမှုကိုပါ တိုင်းမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းတဲ့ စက်အမျိုးအစားပေါင်း အဓိက အားဖြင့်က ၄ မျိုးခွဲပြီး တိုင်းထားပါတယ်။ အဓိက ကတော့ နေရဲ့ မျက်နှာပြင် အပူချိန် ဒီဂရီ ၄၀၀၀ လောက်ရှိတဲ့ အပူချိန်မှာ ဖြစ်နေတဲ့ သံလိုက်စက်ကွင်းတွေ၊ လျှပ်စစ် စက်ကွင်းတွေ၊ နေမုန်တိုင်းပေါ့နော် solar wind တွေ ကို တိတိကျကျ လေ့လာဖို့ အတွက် လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ စိတ်ဝင်စားဖို့လည်း ကောင်းတယ်၊ နောက်လာမယ့် ၄ -၅ နှစ်အတွင်း မရှိမဖြစ်နေရဲ့ အကြောင်းကို ပိုပြီး သိလာနိုင်မယ်လို့ ထင်ပါတယ်။”


ဒေါက်တာ ပဒေသာတင်ပါ။ အပူရှိန် သိပ်ပြီးပြင်းတဲ့ နေနားကို အရောက်သွား နိုင်ဖို့ ဘယ်လို ကြံဆထားတယ် ဆိုတာကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးမှာပါ။



Why do we study the Sun and the solar wind?
• The Sun is the only star we can study up close. By studying this star we live with, we learn more about stars throughout the universe.
• The Sun is a source of light and heat for life on Earth. The more we know about it, the more we can understand how life on Earth developed.
• The Sun also affects Earth in less familiar ways. It is the source of the solar wind; a flow of ionized gases from the Sun that streams past Earth at speeds of more than 500 km per second (a million miles per hour).
• Disturbances in the solar wind shake Earth's magnetic field and pump energy into the radiation belts, part of a set of changes in near-Earth space known as space weather.
• Space weather can change the orbits of satellites, shorten their lifetimes, or interfere with onboard electronics. The more we learn about what causes space weather – and how to predict it – the more we can protect the satellites we depend on.
• The solar wind also fills up much of the solar system, dominating the space environment far past Earth. As we send spacecraft and astronauts further and further from home, we must understand this space environment just as early seafarers needed to understand the ocean.
(NASA)