မြစ်သယံဇာတနဲ့ ဂေဟစံနစ်တန်ဖိုး

Groceries vendors sit on their boat to cross Irrawaddy river in Myitkyina, February 25, 2012, in Myitkyina, Kachin State, northern Burma.

မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မြစ်ကြီး ၄ စင်းထဲမှာ အကြီးဆုံးဖြစ်တဲ့ ဧရာဝတီ မြစ်ကြောင်ဟာ မြန်မာနိုင်ငံ မြောက်ဖျားကနေ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အထိ သူဖြတ်သန်းစီးဆင်းရာ မြို့ရွာဒေသတွေ အတွက် အကျိုးပြုနေတာမို့ ဒီမြစ်ကြောင်းကို ထိခိုက်စေမယ့် ရောကာတာကြီးတွေ ဆောက်လုပ်မှာကို ရပ်ဆိုင်းပစ်ဖို့ ပြည်သူတရပ်လုံးက တောင်းဆိုခဲ့ကြတာပါ။ ဒီနှစ်အထိ ဒါကို ရပ်ဆိုင်းထားပေမယ့် ရှေ့နှစ်တွေ အတွက်တော့ မရေမရာ ရှိနေဆဲပါ။

မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ တရုတ်ပြည်ဘက်မျာ မြစ်ဖျားခံပြီး မြန်မာနိုင်ငံထဲက ကချင်၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန် မြန်မာ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေကို ဖြတ်သန်း စီးဆင်းတဲ့ သံလွင်မြစ်ကတော့ ထိုင်းနိုင်ငံနဲ့လည်း ဆက်စပ်နေတာပါ။ ဒီသံလွင်မြစ်ကြောင်း ပေါ်မှာ တည်ဆောက်ဖို့ လုပ်နေတဲ့ အရှေ့တောင် အာရှဒေသရဲ့ အမြင့်ဆုံး ရေကာတာကြီးတွေ ဖြစ်လာမယ့် ရေကာတာတွေ ဆီက ရမယ့် အကျိုးအမြတ်ဟာ ပေးဆပ်ရမယ့် သယံဇာတ တန်ဖိုးနဲ့ မျှနိုင်ချေ ရှိမရှိ သေသေချာချာ သုံးသပ်ဖို့ လိုတယ်လို့ မြန်မာ့ပြည့်မြဲစွမ်းအင်အသင်းရဲ့ အထွေထွေ အတွင်းရေးမှုး အဏ္ဏဝါဇီဝ ဗေဒပညာရှင် ဦးအောင်မြင့်က ပြောပါတယ်။

သံလွင်မြစ်ကြောင်းဟာ လူသူအရောက်အပေါက်နည်းပြီး သေသေချာချာ မလေ့လာရသးတဲ့ အပင်သတ္တဝါ မျိုးစိတ်တွေ အတော်များများ နဲ့ ပြည့်နေတဲ့ ဒေသဖြစ်သလို စစ်တောင်းမြစ်ဝကတော့ ကျယ်ပြောတဲ့ ကုန်းစပ်ရေစပ် မြေနိမ့်ဒေသဖြစ်တဲ့ နွံတောတွေ ပေါများတဲ့ နေရာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကြီးကြီးမားမားရှိနေတဲ့ ဒီ wetland ဒေသကို ကမ္ဘာက သိအောင်လုပ်ဖို့ပါ ကျိုးစားနေတာမို့ ဒီဒေသကို ထိမ်းသိမ်းသင့်ပေမယ့် အခု အဲဒီမှာ တည်ဆောက်ထားတဲ့ စစ်တောင်း စက္ကူ စက်ကြောင့် ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်နေသလို ဝန်းကျင်က ဝါးတောတွေ ပြုန်းပြီး အရင်က သိပ်ပေါခဲ့တဲ့ နံမယ်ကြီး ရေချို ငါးသလောက်တွေပါ ရှားပါးလာပြီဖြစ်ပါတယ်။ ဒါ့အပြင် စစ်တောင်းမြစ်ဝမှာ ရှိနေတဲ့ biodiversity နဲ့ သဘာဝ ဂေဟစံနစ်တန်ဖိုးတွေဟာ သိပ်မြင့်မားတာမို့ တန်ဖိုးထား ထိမ်းသိမ်းဖို့လည်း လိုအပ်နေတာပါ။

မြန်မာနိုင်ငံမှာ မြစ်ချောင်းတွေ ပေါများတာမို့ ရထားတဲ့ သယံဇာတကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့ အဖြစ်မျိုး ရှိနေသလို စံနစ်တကျ ဘယ်လို အကျိုးရှိအောင် သုံးစွဲရမယ် ဆိုတာကို နားမလည်တာတွေလည်း ရှိနေတာမို့ အသိပညာပေးဖို့ အရေးတကြီး လိုအပ်နေတာပါ။