ဟာရီကိန်းနဲ့ လေသဘာဝစွမ်းအင်

New research shows that an offshore wind farm could have weakened Hurricane Katrina, the costliest natural disaster in U.S. history.

ဒီကနေ့ကမ္ဘာမှာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် အလျင်အမြန် အသုံးပြုလာတဲ့ စွမ်းအင်တခုကတော့ Wind Energy လေစွမ်းအင်ပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာပဲ ကမ္ဘာတဝှမ်း လေစွမ်းအင် အသုံးချမှု ၁၉ ရာခိုင်နှုံး တိုးတက်လာပြီး တာဘိုင်ပေါင်း တသိန်းခွဲကျော်ကို နိုင်ငံပေါင်း ၉၀ မှာ လည်ပါတ်နေကြပြီဖြစ်ပါ တယ်။
ဒီလေစွမ်းအင်တာဘိုင်တွေဟာ လျှပ်စစ်ဓါတ်ကို ဖန်တီးနိုင်ရုံသာမက ကမ်းရိုးတန်း ဟာရီကိန်း မုန်တိုင်းတွေကိုပါ အားပျော့စေနိုင်လိမ့်မယ် လို့ ယူဆလာကြပါတယ်။ ဒီအကြောင်း လေ့လာတွေ့ရှိချက်တွေနဲ့ ပါတ်သက်ပြီး VOA သတင်းထောက် Rosane Skirble ရဲ့ တင်ပြချက်တွေကို ကိုးကားပြီး ပြေပြပေးမှာပါ။

Standford တက္ကသိုလ်က အင်ဂျင်နီယာ ပါမောက္ခ Mark Jacobson ဟာ လေထုညစ်ညမ်းမှုတွေ၊ စွမ်းအင်၊ ကမ္ဘာ့ရာသီဥတုနဲ့ မိုးလေဝဿ ဆိုင်ရာတွေကို လေ့လာတဲ့ အလွန်ရှုပ်ထွေးတဲ့ ကွန်ပြူတာ မော်ဒယ် ပုံစံတခုကို ဆယ်စုနှစ် အတော်များများ ကျိုးစား ပြုစုခဲ့သူပါ။

အခု သဘာဝကပေးတဲ့ မကုန်ခန်းနိုင်တဲ့ နေ၊ လေနဲ့ ရေတွေကနေ စွမ်းအင်ထုတ်ယူတဲ့ စက်မှုလုပ်ငန်းတွေထဲမှာ ကမ်းရိုးတန်း ကမ်းလွန်ဒေသတွေမှာ တည်ထားတဲ့ လေအားသုံးစက်ရုံတွေကို ဟာရီကိန်း မုန်တိုင်းရဲ့ ပြင်းအားက ဖျက်ဆီး ပစ်နိုင် မပစ်နိုင် မေးခွန်းထုတ်စရာ ဖြစ်လာချိန်မှာတော့ ပါမောက္ခ Jacobson တယောက် သူ့ ကွန်ပြူတာ မော်ဒယ်တွေနဲ့ တွက် ချက်ခဲ့ပါတယ်။

တကယ်လို့ ဒီဟာရီကိန်းက စွမ်းအင်တွေကို တာဘိုင်တွေက ယူသုံးလိုက်မယ် ဆိုရင် ဒီဟာရီကိန်း ဆိုတာ ပျောက်သွားနိုင်တယ် ဆိုတဲ့ အတွေးကို အကောင်အထည်ဖေါ်ဖို့ ကျိုးစားခဲ့တာပါ။ မုန်တိုင်း တိုက်ခတ်ရာလမ်းကြောင်း ထဲမှာ လေစွမ်းအင်သုံး တာဘိုင်စက်ကြီးတွေ သောင်းနဲ့ ချီ ချထားရင် ဘာဖြစ်လာမယ် ဆိုတာကို သူက ကိန်းဂဏန်းတွေနဲ့တွက်ချက်ပြီး သူ့ရဲ့တွေ့ရှိချက်တွေကို Nature Communication စာစောင်မှာ ဖေါ်ပြခဲ့ပါတယ်။

ကမ်းလွန်ဒေသက လေစွမ်းအားသုံး တာဘိုင်စက်ကြီးတွေမှာ ဒလက်ကြီးတွေ ရှိမယ် ဆိုရင် ဟာရီကိန်းမုန်တိုင်းက တနေရာထဲ ဝင်တိုးမနေတော့ပဲ သူ့ရဲ့ အရှိန် ပျံ့သွားတာတွေ့ရသလို မုန်တိုင်းပြင်းအားဟာ ၇၉ ရာနှုံးလောက် အထိ လျော့သွားနိုင်သလို လေတိုက်နှုံးကလည်း ရာနှုံး ၅၀ လောက် ဒါမှမဟုတ် ဒီ့ထက်ပိုလျော့ သွားတာပါ။

ဒီလိုလေတိုက်နှုံးလျော့သွားတဲ့အတွက် တာဘိုင်တွေ ပျက်စီးမယ့် အန္တရာယ်ကိုလည်း အကာကွယ်ပေးရာရောက်ပါတယ်။ ဟာရီကိန်း ဝင်လာပြီ ဆိုရင် မုန်တိုင်း ထိပ်ဖျားမှာ ရှိနေတဲ့ စွမ်းအင်ကို လည်နေတဲ့ ဒလက်တွေက ဖယ်လိုက်နိုင်သလို အနောက်ဘက်က လေကိုပါ အားပျော့စေတာဖြစစ်ပါတယ်။

၂၀၀၅ ခုနှစ်က အမေရိကန်တောင်ပိုင်း ပင်လယ်ကွေ့ကမ်းရိုးတန်းဒေသမှာ တိုက်ခတ်ခဲ့တဲ့ Katrina မုန်တိုင်းကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ရပြီး အမေရိကန်ပြည်ထောင်စု သမိုင်းမှာ အဆိုးဝါးဆုံး ဆုံးရှုံးမှု ရှိခဲ့တဲ့ သဘာဝ ဘေးအန္တရာယ် တခုဖြစ်ပါတယ်။

တကယ်လို့ ဒီကမ်းရိုးတန်း တလျှောက်မှာ လေအားသုံး တာဘိုင်စက်ကြီးတွေ သောင်းနဲ့ ချီပေါ်လာရင် အသုံးပြုဖို့ စွမ်းအင်အတွက် မပူရတဲ့အပြင် ဟာရီကိန်းမုန်တိုင်းဒဏ်ကိုပါ ကာကွယ်ပြီးသား ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။