အတိုင်ပင်ခံပုဂ္ဂိုလ် စင်္ကာပူမှာ ပြောမယ့် မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည် Singapore Lecture မိန့်ခွန်းပြောပွဲ ဖိတ်ကြားစာ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံမှာ သြဂုတ်လ ၂၁ ရက်နေ့ကျရင် Singapore Lecture ဆိုတဲ့ မူဝါဒရေးရာ မိန့်ခွန်းတခု ပြောဖို့ရှိပါတယ်။

“မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်မှုများနှင့် ရှေ့လမ်းခရီး” လို့ဆိုရမယ့် “Myanmar’s Democratic Transition: Challenges and Way Forward” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီမိန့်ခွန်းကို သြဂုတ်လ ၂၁ ရက်၊ အင်္ဂါနေ့ စင်္ကာပူစံတော်ချိန် နေ့လည် ၃ နာရီ ၁၅ မိနစ်ကနေ ၄ နာရီ ၁၅ မိနစ်၊ မြန်မာစံတော်ချိန်နဲ့ဆိုရင် နေ့လည် ၁ နာရီ ၄၅ မိနစ်ကနေ ၂ နာရီ ၄၅ မိနစ်အထိ ၁ နာရီ ကြာပြောမယ့်အကြောင်း ကမကထပြုစီစဉ်တဲ့ Yusof Ishak အင်စတီကျူ ခေါ် အရှေ့တောင်အာရှလေ့လာရေး အင်စတီကျူ ISEAS ရဲ့ ဖိတ်ကြားလွှာမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောမယ့် ဒီ Singapore Lecture ဟာ ၄၃ ကြိမ်မြောက်ဖြစ်ပြီး ၄၂ ကြိမ်မြောက်တုန်းကတော့ တောင်ကိုရီးယားသမ္မတ Moon Jae-in ပြောသွားပါတယ်။

ISEAS အင်စတီကျူဟာ စင်္ကာပူလွှတ်တော်ကနေ ဥပဒေပြဌာန်းပြီး ဖွဲ့စည်း တည်ထောင်ထားတဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီးတော့ အရှေ့တောင်အာရှဒေသရဲ့ လူူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေကို လေ့လာတဲ့ သုတေသနအဖွဲ့ဖြစ်တယ်လို့ အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

အတိုင်ပင်ခံပုဂ္ဂိုလ် စင်္ကာပူမှာ ပြောမယ့် မိန့်ခွန်း