မြန်မာနိုင်ငံက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် မအောင်မြင်သလဲ

ပုဂ္ဂလိကပိုင်ပြုလုပ်မည့် နိုင်ငံပိုင်လုပ်ငန်းများထဲတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဇူလိုင် ၂၁၊ ၂၀၁၁။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ကြတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်တွေအတွင်း အစိုးရပိုင် လုပ်ငန်းအများစုမှာ အကြီးအကျယ် အရှုံးပေါ်ခဲ့ပါတယ်။ အရင်းအနှီး ကြီးကြီးမားမားနဲ့ မတည်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်ရတာပါလဲ ဆိုတာနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင် ခင်မောင်ညို - ဘောဂဗေဒရဲ့ သဘောထား အမြင်တွေကို အခုတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က ပြန်လည် တင်ဆက် ပေးထားပါတယ်။