အမေရိကန်အမျိုးသမီး မဲပေးခွင့်ရှိရေး ကြိုးပမ်းမှု

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ကြတာ ၇၂ နှစ်ကြာခဲ့ပါပြီ။ ၁၈၄၈ ခုနှစ်က နယူးယောက်ခ်ပြည်နယ် Seneca Falls ရှိ ညီလာခံကနေ စတင်ခဲ့တာဖြစ်ပြီး ၁၉၂၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၉ အရ အမျိုးသမီးတွေ မဲပေးပိုင်ခွင့် ရရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်က သူတို့ရဲ့ မဲပေးပိုင်ခွင့်ရရှိရေး ဘယ်လို ကြိုးပမ်းခဲ့ကြသလဲဆိုတာကို ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။