ကမ္ဘာနဲ့အနီးဆုံးသာမယ့်လပြည့်ည လကြပ်ချိန်နဲ့ တိုက်ဆိုင်မည်

နော်ဝေနိုင်ငံ တောင်ထိပ်မှာမြင်ခဲ့ရတဲ့ super blue blood moon (ဇန်နဝါရီ ၃၁၊ ၂၀၁၈)

၂၀၁၉ ခုနှစ်အတွက် တခါတည်းဖြစ်မယ့် လကြပ်တာကို တနင်္ဂနွေနေ့မှာ စောင့်ကြည့်ကြ မယ့်သူတွေ စိတ်အား ထက်သန်နေကြပါတယ်။ ကမ္ဘာကြီးက နေနဲ့လကြား ရောက်သွားချိန်မှာ အပြည့်အဝ လကြပ်တာကို မြင်ကြရမှာ ဖြစ်တဲ့အပြင် ကမ္ဘာဂြိုဟ်နဲ့ အနီးဆုံးနေရာကို လရောက်သွားမှာမို့ လကြီးက ပိုကြီးပြီး လင်းထိန်တောက်ပနေမှာ ဖြစ်ပါတယ်။

Supermoon နဲ့ အပြည့်အဝ လကြပ်တာပေါင်းသွားတာအပြင် လကြပ်ချိန် ၁ နာရီလောက်ကြာမှာမို့ Super Blood Wolf Moon လို့တင်စားပြောနေကြပါတယ်။ တကယ်လို့ ရာသီဥတု ကြည်လင်သာယာနေမယ်ဆိုရင် လကြပ်တာအစအဆုံးကို မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်တို့အပြင် Greenland, Iceland, Ireland, ဗြိတိန်၊ Norway, Sweden, Portugal စတဲ့နိုင်ငံတွေကနေ မြင်ရနိုင်မှာပါ။ ဒါတင်မက ပြင်သစ်နဲ့စပိန်နိုင်ငံတွေရဲ့ ကမ်းရိုးတမ်းဒေသတွေကနေလည်း လကြပ်တာကို တေ့ွရမှာဖြစ်ပါတယ်။

ကျန်တဲ့ ဥရောပနိုင်ငံတွေနဲ့ အာဖရိကတိုက်ဘက်ကတော့ တဝက်တပြက် မြင်ရမှာဖြစ်ပါတယ်။ ဒီတခေါက်မှာတော့ အာရှ၊ Australia နဲ့ New Zealand တို့ဘက်က မြင်ရမှာမဟုတ်ပါဘူး။

အပြည့်အဝ လကြပ်ချိန်မှာ လကို အနီရောင်ကြီးအဖြစ်တေ့ွရလို့ Blood Moon လို့ ခေါ်လေ့ရှိကြသလို ဇန်နဝါရီလမှာ ပထမဆုံးလကြပ်တာမို့ Wolf Moon လို့တင်စားပြောတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာနဲ့အနီးဆုံးသာမယ့်လပြည့်ည လကြပ်ချိန်နဲ့ တိုက်ဆိုင်မည်