ကန်ခေါင်းဆောင်ဟောင်းတွေထံ ပေးပို့စာအိတ်ထဲ ပေါက်ကွဲပစ္စည်း တွေ့ရှိ

အမေရိကန်သမ္မတဟောင်း Bill Clinton နဲ့ သမ္မတကတော်ဟောင်းလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Hillary Clinton တို့ရဲ့ နယူးယောက်မြို့စွန်က နေအိမ်မှာ ဖောက်ခွဲရေး ပစ္စည်းအဖြစ် မသင်္ကာစရာ ပစ္စည်းတခုကို တွေ့ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

အခုတွေ့ရတဲ့ ပစ္စည်းဟာ ဒီလဆန်းပိုင်းတုန်းက အမေရိကန် ပရဟိတအလှူရှင် George Soros ရဲ့ နေအိမ်အပြင်ဖက် စာတိုက်ပုံးထဲမှာ တွေ့ခဲ့ရတဲ့ ပစ္စည်းနဲ့ တူညီနေကြောင်းလည်း New York Times သတင်းစာက ဖော်ပြခဲ့တာပါ။ အသေးစိတ် အချက်အလက်တွေကတော့ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ခေါင်းဆောင်ဟောင်းတွေထံ ပေးပို့စာအိတ်တွေထဲ ပေါက်ကွဲပစ္စည်း တွေ့ရှိ