ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက IS အစ္စလာမ် အစွန်းရောက်တွေ နောက်ဆုံး ခြေကုပ်ယူထားတဲ့ Baghuz မြို့ထဲမှာ စစ်သွေးကြွတွေ၊ မိုင်းတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို အမေရိကန်က ပံ့ပိုးထားတဲ့ တပ်ဖွဲ့တွေ စတင်ရှင်းလင်း နေကြပါပြီ။
IS တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က သိမ်းပိုက်လိုက်ပြီး နောက်တနေ့မှာပဲ နယ်မြေရှင်းလင်းမှုတွေ စတင်ခဲ့တာပါ။ စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် IS အဖွဲ့အတွက် အဓိက ထိုးနှက်ချက် ဖြစ်ခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။
IS အဖွဲ့ရဲ့ နောက်ဆုံး အမာခံနယ်မြေကို အင်္ဂါနေ့က သိမ်းပိုက်ရာမှာ ရာနဲ့ချီတဲ့ ဒဏ်ရာရ စစ်သွေးကြွတွေ အပါအဝင် ၁၀၀၀ ကနေ ၁၅၀၀ လောက်အထိ လက်နက်ချခဲ့ကြောင်းလည်း SDF တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။ IS စစ်သွေးကြွတွေ ကျန်နေနိုင်သေးသလို၊ အကျဉ်းသားတွေ၊ ဓားစာခံတွေကို ဖမ်းဆီးထားနိုင်ကြောင်းလည်း SDF တာဝန်ရှိသူတွေက သတိပေးထားတာပါ။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ကတော့ IS အကြမ်းဖက်အုပ်စုကို အပြီးသတ် ချေမှုန်းနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5