အစ်နေ့ ဆီးရီးယားအပစ်ရပ်ချိုးဖောက်မှု သံတမန်တွေစိတ်ပျက်

a damaged building that destroyed by a car bomb, at Jaramana neighborhood, in Damascus, Syria, Monday Oct. 29, 2012

မူစလင်တွေရဲ့ အစ်ဒ်ပွဲတော်ကာလအတွင်း ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲထားနိုင်ရေး ကြိုးပမ်းချက် မအောင်မမြင် ဖြစ်ခဲ့ တဲ့အပေါ် နိုင်ငံတကာသံတမန်တွေက အကြီးအကျယ်စိတ်ပျက်ကြောင်း ပြောဆိုကြပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ်ဘ်အဖွဲ့ချုပ်တို့ရဲ့ အထူးသံတမန် Lakhdar Brahimi ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်ကို သမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရစစ်တပ်ကရော သူပုန်တွေဘက်ကပါ ချိုးဖောက်ခဲ့ကြတာပါ။

တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွား ကူညီဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီ့ထက်ပိုပြီး လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။

တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် စိတ်မကောင်းဘူးလို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ရောက်နေတဲ့ အထူးသံတမန် ဘရာဟီမီက ပြောပေမဲ့ သူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ သဘောတူညီချက်ဟာ ဘယ်တုန်းကမှ တရားဝင် အပစ်ရပ် သဘောတူညီ ချက်တခုမဟုတ်ခဲ့ဘူးလို့ ပြောပါတယ်။ ဘရာဟီမီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေး လက်ဗ်ရော့ဗ်နဲ့ ဆွေးနွေးဖို့ ရုရှားနိုင်ငံမှာ ရောက်နေတာပါ။