ဟူလာရွာသေဆုံးမှု ဆီးရီးယား သမ္မတငြင်းဆို

In this Monday, June 20, 2011 file photo released by the Syrian official news agency SANA, Syrian President Bashar Assad delivers a speech in Damascus, Syria, at Damascus University. In his first interview in six months, Syrian President Bashar Assad insi

ဆီးရီးယားနိုင်ငံ ဟူလာ (Houla) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုမှာ အစိုးရအနေနဲ့ တစုံတရာ ပါဝင် ပတ်သက်ခြင်းမရှိဘူးလို့ ဆီးရီးယား သမ္မတ Bashar al-Assad က ငြင်းဆိုလိုက်ပါတယ်။

ဟူလာဒေသမှာ ဖြစ်ခဲ့တဲ့ အဲဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွင်း ကလေးငယ် ၄၉ ဦး အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြရတဲ့ ကိစ္စအပေါ် ဆီးရီးယားသမ္မတက လွှတ်တော်မှာ မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒါဟာ ဆီးရီးယားနိုင်ငံမှာ မေလအတွင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်း သမ္မတ အာဆဒ်အနေနဲ့ ပထမဆုံးအကြိမ် လွှတ်တော်ကို စကားပြောကြားခြင်းလည်း ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံအနေနဲ့ ပြည်ပက အဖျက်သမားတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒီကနေ့ လွှတ်တော်ကို ပြောတဲ့အထဲ သမ္မတက ထည့်သွင်း ပြောဆိုသွားပါတယ်။

အာရပ်အဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ကိုဖီ အာနန်နဲ့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်တွေ စနေနေ့က ဒိုဟာမြို့မှာ တွေ့ဆုံပြီး နောက်နေ့မှာ သမ္မတ အာဆဒ်က အခုလို ပြောကြားလိုက်တာပါ။

ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ကြီး လုံးလုံးဖြစ်ဖို့ တနေ့တခြား ပိုနီးစပ်လာနေပြီလို့ ကိုဖီ အာနန်က ပြောပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် အခြေအနေတွေဟာ ထိန်းကွပ်လို့ မရနိုင်အောင် ဆိုးရွားလာနေတယ်လို့လည်း ကိုဖီ အာနန်က ပြောပါတယ်။