အမျိုးသမီး နှစ်ဦး အပါအဝင် အာဖဂန်အရပ်သား ၁၇ ယောက်ကို တာလီဘန် စစ်သွေးကြွတွေ က ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက တာဝန်ရှိသူတွေက ပြောပါတယ်။
သတ်ဖြတ်မှုဟာ ဟယ်လ်မန်းခရိုင် ကာဂျာကီ မြို့နယ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ တာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကပြောပါတယ်။ ဘာကြောင့် အခုလို သတ်ဖြတ်မှုခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ သတင်းတွေ အမျိုးမျိုး ထွက်နေပါတယ်။
တာလီဘန်တွေဟာ ပါတီပွဲတခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ တီးမှုတ် ကခုန်တာကို တာလီဘန်တွေက လက်မခံကြတဲ့အတွက် ဖြစ်ကြောင်း တချို့အာဖဂန်အရာရှိတွေ က ပြောပါတယ်။
ဒါပေမယ့် ဟဲလ်မန်းခရိုင် အုပ်ချုပ်ရေးမှူးကတော့ ကာလကြာရှည် ကမ္ဘာ့ရန်ဖြစ်ခဲ့ကြတဲ့ တာလီဘန်ခေါင်းဆောင် နှစ်ယောက်ကြား ပြဿနာတက်ရာကနေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
အနီးနားမှာရှိတဲ့ မူဆာကွာလာမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးကတော့ အသတ်ခံရသူတွေဟာ အစိုးရနဲ့နီးစပ်သူတွေဖြစ်တဲ့ အတွက် စစ်သွေးကြွတွေက သတ်သွားတာဖြစ်တယ် လို့ ဆိုပါတယ်။ ဒီလို ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ အရပ်ဟာ အစိုးရထိန်းချုပ်မှု မရှိတဲ့အရပ် ဖြစ် တာကြောင့် ဒီသတင်းတွေကို မှန်မမှန်စစ်ဆေးဖို့ ခက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ တာလီဘန်စစ်သွေးကြွတွေဟာ ဟယ်လ်မန်း ဝါရှီယား စစ်တပ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ စစ်သား ဆယ်ယောက် သေဆုံးပြီး တာလီဘန်တွေနဲ့အတူ စစ်သား ငါးယောက်ပါသွားပါတယ်။ ပြန်ပေးဆွဲ သွားတာလား၊ သူတို့စိတ်အလိုအရ လိုက်သွားကြတာလား ဆိုတာလည်း မသိရသေးပါဘူး။