မြဝတီမြို့မှာ တိုက်ပွဲ ငြိမ်သက်

Your browser doesn’t support HTML5

KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ အခြေအနေဟာ ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ညနေပိုင်းအထိ ငြိမ်သက်နေပါတယ်။ မြဝတီမြို့မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ စစ်စခန်းက စစ်သားတွေ ဗုဒ္ဓဟူးနေ့က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် ကြာသပတေးနေ့အထိ ၂ ဘက် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။