ထိုင်းဘတ်စ်ကား မြစ်ထဲကျ ၂၉ ဦးသေ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ တံတားတစီးပေါ်ကနေ ဘတ်စ်ကား တစီး ချောက်ထဲ ထိုးကျသွားခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၂၉ ယောက် သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ဖက်ချဘွန်ခရိုင်အတွင်းမှာရှိတဲ့ ခွန်ဖမူဆောင် တံတားမှာ ညသန်းခေါင်ယံ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ကားဟာ မီတာ ၅၀ အမြင့်ရှိတဲ့ ခြောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရထားသူ ၅ ယောက်ကို ဆေးရုံကို အမြန်သယ်ဆောင် ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထဲက တယောက်ဟာ လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ တာဝန် ရှိသူတွေကပြောပါတယ်။