ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ပြီး ထိုင်းနိုင်ငံမြို့ကြီးတချို့မှာ စတင်ဆန္ဒပြနေကြပါတယ်။ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ ဝန်ကြီးတချို့ကို စဉ်းစားချိန်ပေးတာဆိုပြီး စစ်တပ်က ထိန်းသိမ်းလိုက်ပြီးတဲ့နောက် ဆန္ဒပြပွဲတွေ အခုလို ဖြစ်လာတာပါ။ ဗွီအိုအေသတင်းထောက် Steve Herman ရဲ့သတင်းပေးပို့ချက်နဲ့အတူ မအေးသန္တာကျော်က စုစည်းတင်ပြထားပါတယ်။
နေပူကျဲကျဲနဲ့ ဘန်ကောက်မြို့တွင်းလမ်းတွေမှာ ထိုင်းနိုင်ငံသားအရွယ်စုံဟာ ဆန္ဒပြပွဲမှာပါဝင်တာတွေ့ရပါတယ်။ သူတို့က ရွေးကောက်ပွဲ လုပ်ပေး၊ စစ်အစိုးရထွက်သွား-ဆိုတဲ့ အင်္ဂလိပ်၊ ထိုင်း နှစ်ဘာသာနဲ့ရေးထားတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး သူတို့ရဲ့ဘေးပတ်လည်မှာ နေရာယူထားတဲ့ အဓိကရုဏ်းထိန်း ရဲတွေဘက်ကိုလှည့်ပြီးတော့ ရွေးကောက်ပွဲ..ရွေးကောက်ပွဲဆိုတာတွေ ဟစ်ကြွေးနေကြပါတယ်။
ဆန္ဒပြသူတွေထဲမှာ ရွေးကောက်ပွဲဆိုတာ ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ထားတဲ့ Phromsa သူတို့ ဘာလို့ ဆန္ဒပြကြသလဲဆိုတာ အခုလို ရှင်းပြပါတယ်။
“ကျနော်က တကယ်တော့ ဘဏ်ကိုလာတာဗျ။ ဒါပေမယ့် အာဏာသိမ်းတာကို ဆန့်ကျင်ပြီး လူတွေ ဆန္ဒပြနေကြတာတွေ့တော့ ကျနော့်စိတ်ထဲမှာလည်း ဒါကို ဆန့်ကျင်တာပဲလေ။ ဒါ့ကြောင့် ဒီမှာဝင်ပြီး ဆန္ဒပြတာပါ။”
စစ်အစိုးရက လမ်းမပေါ်မှာ လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရဘူးလို့ ပြောထားတာပါ။ ဒါကြောင့် စစ်အစိုးရအမိန့်ကို ဒီလို ဖီဆန်ပြီး စုဝေးဆန္ဒပြနေကြလို့ဆိုပြီး စစ်သားတွေကို မကြောက်ပါဘူး-လို့ မစ္စတာ ဖရွမ်ဆာကပဲ ပြောပါတယ်။
“ခင်ဗျားက တရားမဝင်ဘူးဆိုပေမယ့် ကျနော်တို့က တရားဝင်တယ်လို့ပဲ ယူဆတယ်။”
ထိုင်းနိုင်ငံရဲ့မြို့တော်၊ ဘန်ကောက်မှာ အခုလို ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ အချိန်မှာပဲ ရှင်နာဝပ်မိသားစုရဲ့မွေးရပ်မြေလည်းဖြစ်၊ သူတို့ အခြေစိုက်ရာမြို့လည်း ဖြစ်တဲ့ နိုင်ငံ့အရှေ့မြောက်ပိုင်းက ချင်းမိုင်မြို့မှာလည်း လူတွေ ရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ထွက်သွား- စစ်တပ်အလိုမရှိ - စတဲ့ သူတို့ရဲ့ ကြွေးကြော်သံတွေကြားတာနဲ့ပဲ ဘယ်သူ့ကိုထောက်ခံလဲဆိုတာ သိနိုင်တာပါ။
သူတို့ကို ထောက်ခံသူတွေက အခုလို ဆန္ဒပြနေချိန်မှာပဲ ရာထူးကျ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကတော့ သောကြာနေ့ကစပြီးတော့ စစ်တပ်က ထိန်းသိမ်းထားတာကို ခံလိုက်ရပါတယ်။ နိုင်ငံမှာ တခါတလေ အကြမ်းဖက်မှုတွေစွက်တဲ့ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ လပေါင်းများစွာ ဖြစ်နေခဲ့ပြီး ရွေးကောက်ခံအစိုးရနဲ့ ထိုင်းရဲ့ပညာတတ်အသိုင်းအဝိုင်းဘက်က နှစ်ဘက် ဆန္ဒပြသူတွေကြား ညှိနှိုင်းမရတဲ့အခြေအနေကြောင့်ဆိုပြီးတော့ စစ်တပ်က ကြာသပတေးနေ့မှာပဲ အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ် စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ကြာသပတေးနေ့မှာလာတွေ့တဲ့ မစ္စ်ယင်းလပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ကို တခါတည်းဖမ်းထားလိုက်ပါတယ်။ လျှို့ဝှက်နေရာတခုမှာ ထားပြီး ဘယ်သူနဲ့မှလည်း အဆက်အသွယ် ပေးမလုပ်ပါဘူး။
“ထိန်းသိမ်းထားသူတွေကို ကောင်းကောင်းမွန်မွန်ထားပြီးတော့ နိုင်ငံရေးနည်းနဲ့ အတိုးအလျှော့လုပ် အဖြေရှာဖို့ဖြစ်ပါတယ်”-လို့ စစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။ လမ်းမပေါ်ထွက် ဆန္ဒပြသူတွေကတော့ သောကြာရော စနေမှာပါ ဖြစ်ပွားခဲ့ပါတယ်။ အဖမ်းခံရသူ နည်းနည်း ရှိခဲ့ပေမယ့် ပြင်းပြင်းထန်ထန် ခုခံတာမျိုးတော့ မတွေ့ရပါဘူး။
ဒါပေမယ့်လည်း ဆန္ဒပြပွဲတွေ အခုလို ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ စစ်တပ်ကို အဓိက အကဲစမ်းမှုတရပ်ဖြစ်လာနိုင်ပြီး ဆန္ဒပြသူတွေကို တပ်က အင်အားသုံး နှိမ်နင်းမယ်ဆိုရင်စစ်တပ်အနေနဲ့ တရားဝင်ထိန်းသိမ်းနိုင်ခွင့် ရှိတယ်ဆိုတဲ့အပေါ်ကို စိန်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။