ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ထိပ်တိုက် ရင်မဆိုင်ချင်ဘူးဆိုပြီး ရုပ်သွားပြီးတဲ့နောက် အတိုက်အခံ ဆန္ဒပြသူတွေက အင်္ဂါနေ့မှာ အစိုးရရုံးချုပ်နဲ့ ရဲတပ်ဖွဲ့ဌာနချုပ်တွေထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
အလံတွေဝှေ့ယမ်းပြီး ခရာတွေမှုတ်နေတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ရုံးစိုက်တဲ့ အစိုးရရုံးချုပ်နဲ့ မြို့တော် ရဲတပ်ဖွဲ့ အဆောက်အဦးတွေ အပြင်ဘက် ကွင်းပြင်ထဲမှာ ပြည့်နှက်သွားပါတယ်။
ခဏတာ ကြာပြီးတဲ့နောက် ဆန္ဒပြသူတွေ ပြန်ထွက်သွားကြပြီး ထိပ်တိုက် ပဋိပက္ခဖြစ်တာမျိုး မရှိခဲ့ပေမဲ့ သူတို့ရဲ့တောင်းဆိုချက် တွေရဖို့ ဆက်ပြီး တွန်းသွားမယ်လို့ ဆန္ဒပြသူတချို့က အခိုင်အမာ ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရက်အတော်ကြာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးတဲ့နောက် အဆောက်အဦးတွေအပြင်က သံဆူးကြိုး အတားအဆီးတွေကို ရဲတပ်ဖွဲ့က အစောပိုင်းမှာ ဖယ်ရှားခဲ့တာပါ။ ဒါကို ဗျူဟာ အပြောင်းအလဲတစ်ခုအဖြစ် မြင်ကြပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ မျက်ရည်ယိုဗုံးတွေကို အသုံးပြုမှာမဟုတ်ဘဲ ထိပ်တိုက်တွေ့တာကို ရှောင်ရှားရေး အစိုးရမူဝါဒနဲ့အညီ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ ရဲချုပ် Kamronwit Thoopkrajang က ပြောပါတယ်။
ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့နဲ့ အစိုးရအုပ်ချုပ်ရေးကို ရွေးကောက် တင်မြှောက်မထားတဲ့ ကောင်စီတခုလက်ထဲ လွှဲပေးဖို့ ဆန္ဒပြသူတွေရဲ့ တောင်း
ဆိုချက်တွေကို မလိုက်လျော နိုင်ဘူးလို့ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။