ဥရောပသမဂ္ဂက ဗြိတိန်နုတ်ထွက်ရေး သဘောတူညီချက် ဗြိတိန်ပါလီမာန် တတိယအကြိမ်ပယ်ချ

ြှဗိတိန်ဝန်ကြီးချုပ် Theresa May လွှတ်တော်တွင်း မိန့်ခွန်းပြောနေစဉ်။ (မတ်လ ၂၉၊ ၂၀၁၉)

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး သဘောတူညီချက်ကို ဗြိတိန် ပါလီ မန်မှာ တတိယအကြိမ် ပယ်ချခဲ့ပါတယ်။ ဗြိတိန်နုတ်ထွက်ဖို့ မူလသဘောတူထားတဲ့ ဒီ ကနေ့ မတ်လ ၂၉ ရက်နေ့မှာပဲနုတ်ထွက်ရေး သဘောတူညီချက် တစိတ်တပိုင်းကို မဲခွဲခဲ့ တာပါ။

EU ထဲက နုတ်ထွက်ပြီးနောက် နှစ်ဘက်လိုက်နာရမယ့် ကိစ္စတွေနဲ့ပတ်သက်လို့ ဝန်ကြီး ချုပ် Theresa May အစိုးရ နဲ့ EU ကြား သဘောတူထားတဲ့ သဘောတူညီ မှုတွေကို ပါလီမန်က ၂ ကြိမ်ပယ်ချပြီးတဲ့နောက် ဒီကနေ့ တတိယအကြိမ် မဲခွဲတာပါ။ ဒီကနေ့ မဲခွဲတာကတော့ နောင်ဆက်ဆံရေးနဲ့ပတ်သက်တဲ့ နိုင်ငံရေးသဘောတူ ကြေညာစာတမ်း အပိုင်းမပါဘဲ နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုတွေကို မဲခွဲခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်မဲ ၃၄၄ မဲနဲ့ ပယ်ချခဲ့ကြတာဖြစ်ပါတယ်။

စာမျက်နှာ ၆၀၀ နီးပါးပါတဲ့ နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်တွေထဲမှာ အကူး အပြောင်း အချိန် သတ်မှတ်ချက်၊ နုတ်ထွက်တဲ့အတွက် ဗြိတိန်က EU ကိုပေးရမယ့် ငွေပမာဏ၊ မြောက်ပိုင်း Ireland နဲ့ Ireland နယ်စပ်မှာ အတားအဆီးမထားရေး Backstop လို့ပြောနေတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ ဒီ Backstop ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေကြား အဓိက သဘောတူမှု မရကြတာဖြစ်ပါတယ်။

မဲမခွဲခင် ထောက်ခံသင့် မသင့် ပါလီမန်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြတာမှာ EU ထဲက စနစ်တကျ နုတ်ထွက်နိုင်ဖို့ အခုတကြိမ်ဟာ နောက်ဆုံး အခွင့်အလမ်းဖြစ်တယ်လို့ ဝန်ကြီးချုပ် May ကပြောကြားခဲ့ပါတယ်။ EU နဲ့ ဗြိတိန် အစိုးရကြား သဘောတူထား တာတွေကို လက်မခံနိုင်ရင် ဘယ်လမ်းကို ရွေးချယ်မလဲဆိုတဲ့ နည်းလမ်း ၈ ခုကို ဗုဒ္ဓဟူးနေ့က မဲခွဲခဲ့တုန်းကလည်း တခုကိုမှ ပြတ်ပြတ်သားသား မရွေးနိုင်ကြတဲ့အတွက် နုတ်ထွက်ရေးနဲ့ပတ်သက်လို့ ပိုပြီး မရေမရာ ဖြစ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဥရောပသမဂ္ဂက ဗြိတိန်နုတ်ထွက်ရေး သဘောတူညီချက် ဗြိတိန်ပါလီမာန် တတိယအကြိမ်ပယ်ချ