တိဘက်ကိစ္စကုလဝေဖန်မှု တရုတ်ပယ်ချ

တိဘက်လူမျိုးတစ်ဦး မိမိကိုယ်ကိုမိမိ မီးရှို့ဆန္ဒပြနေစဉ်

တိဘက်အရေးနဲ့ မတည်ငြိမ်မှုတွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ ဝေဖန်ပြောဆိုမှုတွေကို တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။ တိဘက်ပြည်သူတချို့ဟာ မကြာခဏ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေမှုအပါအဝင် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ အခုလို မီးရှို့ဆန္ဒပြမှုတွေဟာ ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလာမားရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ဟောင်းလီက တနင်္လာနေ့က ပြောဆိုပါတယ်။

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလာမားကတော့ အကြမ်းဖက်မှုမှန်သမျကို ဆန့်ကျင်တယ်လို့ ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ နာဗီပီလေးကတော့ သောကြာနေ့တုန်းက တိဘက်ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို ပိုပြီးတော့ ကောင်းမွန်တဲ့နည်းနဲ့ အဖြေရှာ ဖြေရှင်းဖို့နဲ့ တိဘက်ဒေသကို သီးခြားလွတ်လပ်တဲ့ စစ်ဆေးရေးအဖွဲ့ ဝင်ရောက်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။