Masters ပြိုင်ပွဲ ၅ ကြိမ်မြောက် ချံပီယံ Tiger Woods

Tiger Woods reacts as he wins the Masters golf tournament Sunday, April 14, 2019, in Augusta, Ga.

ကမ္ဘာ့အကောင်းဆုံး နာမည်ကြီး ဂေါက်သီးရိုက်အားကစားသမားတွေထဲတဦးဖြစ်တဲ့ Tiger Woods ဟာ မနေ့က The Masters ဂေါက်သီးချန်ပီယံပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ငါးကြိမ်မြောက် Masters ချန်ပီယံဆုကို ဆွတ်ခူး လိုက်ပါတယ်။ ၄၃နှစ်အရွယ် Woods ဟာ Masters ချန်ပီယံဆုရရှိတဲ့ အသက်အကြီးဆုံးသူတွေထဲ ၁၉၈၆ခုနှစ်က ၄၆ နှစ်အရွယ် Jack Nicklaus ပြီးရင် ဒုတိယမြောက်ဖြစ်ပါတယ်။

ဒါဟာ သူအနိုင်ရရှိခဲ့တဲ့ ဂေါက်သီးပြိုင်ပွဲစဉ်တွေထဲက ၁၅ကြိမ်မြောက် အောင်ပွဲဖြစ်ပြီး အခုလို ကြီးမားတဲ့ ပြိုင်ပွဲတွေမှာ ၁၁ နှစ်လောက် အလူးအလဲဖြစ်ခဲ့ပြီးနောက် Tiger Woods တယောက် ပြန်လည်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ် Augusta နိုင်ငံလုံးဆိုင်ရာ ဂေါက်ကလပ်မှာ ကျင်းပနေတဲ့ ပြိုင်ပွဲစဉ်အတွင်း မိုးဖွဲဖွဲကျနေတဲ့မနေ့က Woods ဟာ ရိုက်ချက်ပေါင်း ၇၀မှာ နှစ်ချက်လျော့ရိုက်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်အတွင်း Woods ရဲ့ ရိုက်ချက်ဟာ သတ်မှတ်ချက်ထက် ၁၃ ချက်လျော့နည်းပြီး တွင်းထဲဝင်အောင်ရိုက်နိုင်ခဲ့တာဖြစ်ပြီး အခြားအမေရိကန် ဂေါက်ရိုက်အားကစားသမားသုံးဦးဖြစ်တဲ့ Dustin Johnson, Brooks Koepka နဲ့ Xander Schauffele တို့နဲ့ ယှဉ်ရင် ရိုက်ချက်ပေါင်း လျော့နည်းခဲ့တာဖြစ်ပါတယ်။

သူအခုလို Masters ချန်ပီယံဆုကို ဆွတ်ခူးချိန်မှာ သူနဲ့ အတူ မိခင်ဖြစ်သူ ထိုင်းနိုင်ငံဖွား Kultida Woods နဲ့အတူ သားသမီးနှစ်ဦးတို့ ရှိနေကြပါတယ်။

Your browser doesn’t support HTML5

Masters ပြိုင်ပွဲ ၅ ကြိမ်မြောက် ချံပီယံ Tiger Woods