မြောက်ကိုရီးယား နျူလက်နက် အစီအစဉ်စွန့်ဖို့ Donald Trump ထပ်မံဆွဲဆောင်

NATO မဟာမိတ်အဖွဲ့ အတွင်းရေးမှုးချုပ် Jens Stoltenberg နဲ့ သမ္မတရဲ့ Oval ရုံးခန်းတွင်း သတင်းစာရှင်းလင်းပွဲ ( မေ ၁၇-၂၀၁၈)

မြောက်ကိုရီးယားက နျူကလီယားလက်နက်စွန့်လွှတ်ဖို့ သဘောတူခဲ့ရင် Kim မိသားစုအုပ်ချုပ်ရေး ဆက်ပြီးမြဲစေရမယ်လို့ သူကတိပေးတဲ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာလည်း သိပ်ကို ကြွယ်ဝချမ်းသာလာမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ကြိုတင်ဟောကိန်း ထုတ်လိုက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က သဘောမတူခဲ့ရင်တော့ ဆင်းရဲတွင်းနက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံ ပျက်သုန်းသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

Trump နဲ့ Kim တို့ စင်္ကာပူမှာ ဇွန်လ ၁၂ ရက်နေ့ တွေ့ဆုံဖို့ စီစဉ်းထားတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ဒီသီတင်းပတ်ထဲမှာပဲ လေလံပြောင်းလာတာဟာ မကြာသေးခင်က Kim နဲ့ တရုတ်သမ္မတ Xi Jinping တို့ကြား ဒုတိယအကြိမ်တွေ့ဆုံ ခဲ့တာရဲ့ ရလဒ် ဖြစ်နိုင်ကြောင်း သမ္မတ Trump က ကြာသပတေးနေ့မှာပဲ မှတ်ချက်ပေးခန့်မှန်းခဲ့တာပါ။

NATO မဟာမိတ်အဖွဲ့ အတွင်းရေးမှုးချုပ် Jens Stoltenberg နဲ့ သမ္မတရဲ့ Oval ရုံးခန်းတွင်း သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump က တရုတ်သမ္မတ Xi ဟာ Kim Jong Un အပေါ် သြဇာလွှမ်းနိုင်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲ ပျက်သွားရင် နောက်တခု ဆက်လုပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရက ဒီထိပ်သီးဆွေးနွေးပွဲအတွက် သံသယဖြစ်စရာ ကြေညာချက်တွေ ထုတ်နေပေမယ့် အမေရိကန်နဲ့ မြောက်ကိုရီးယား အရာရှိတွေကြား ဆက်လက်ဆွေးနွေးမှုတွေ အရ စီစဉ်ထားတာတွေ ပျက်မယ့်ပုံတော့ မတွေ့ရဘူးလို့လည်း သမ္မတက ပြောပါတယ်။ သူတို့ဟာ အမေရိကန်နဲ့ ညှိနှိုင်းနေသလို အမေရိကန်ဘက်ကလည်း သူတို့နဲ့ အတူလက်တွဲ လုပ်ဆောင်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ထိပ်ပိုင်းညှိနှိုင်းရေးမှုး Ri Son Gwon ကတော့ ကြာသပတေးနေ့အစောပိုင်းမှာပဲ တောင်ကိုရီးယား အစိုးရကို ရှုံ့ချပြစ်တင်ခဲ့တာပါ။

Your browser doesn’t support HTML5

မြောက်ကိုရီးယား နျူလက်နက် အစီအစဉ်စွန့်ဖို့ Donald Trump ထပ်မံဆွဲဆောင်