အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump တို့ ၂ ဦးရဲ့ လာမယ့် စကားအခြေအတင်ပြောပွဲ ၃ ခုကို ကြိုတင် ခန့်မှန်းရမယ်ဆိုရင် အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ညဘက်မှာ ပြောကြားမယ့် အကြောင်းအရာဟာ အမျိုးသားလုံခြုံရေးကိစ္စပဲ ဖြစ်မယ့်ပုံ တွေ့ရပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Clinton နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Trump တို့ဟာ NBC ရုပ်သံရဲ့ အစီအစဉ်နဲ့ တင်ဆက်မယ့် မေးမြန်းခန်းမှာ ပါဝင်ကြမှာ ဖြစ်ပြီး သီးခြား မေးမြန်းပွဲမှာ မေးကြမယ့် ပရိတ်သတ်တွေကတော့ စစ်ပြန် စစ်မှုထမ်းဟောင်းတွေနဲ့ လက်ရှိ စစ်မှုထမ်း အမျိုးသမီး၊ အမျိုးသားတွေ ဖြစ်ပါတယ်။
တဘက်နဲ့တဘက်လည်း နိုင်ငံတော်သေနာပတိချုပ် ရာထူးအတွက် အရည်အချင်း မမှီဘူး၊ ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စိတ်ရှည် သည်းခံမှု မရှိဘူးဆိုပြီး အပြန်အလှန် ဝေဖန် ထိုးနှက်နေကြပါတယ်။
NBC ရုပ်သံအစီအစဉ် မစတင်ခင် နာရီပိုင်းအလိုမှာ Trump က သူ့ရဲ့ စစ်ဘက်အစီအစဉ်တွေကို ချခင်းပြလိုက်ပါတယ်။ စစ်တပ်ကို အင်မတန် ခိုင်မာ အားကောင်းအောင်လုပ်ပြီး ဘယ်သူမှ လာမယှဉ်စေရဘူးလို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြလိုက်တာပါ။ အမေရိကန်တပ်မှူးကြီးတွေ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို ခြေမှုန်းရေး စီမံကိန်းတရပ်ကို ရက် ၃၀ အတွင်း တင်ပြနိုင်မယ်လို့ ဆိုပါတယ်။
Hillary Clinton ကတော့ ဒါကို ပယ်ချလိုက်ပြီး သူသည်သာလျင် နိုင်ငံကို ကာကွယ်နိုင်မယ့် နိုင်ငံတော်စစ်သေနာပတိချုပ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5
အမျိုးသားလုံခြုံရေး ကိုင်တွယ်နိုင်ကြောင်း Trump နဲ့ Clinton အပြိုင်အဆိုင် ရှင်းလင်း