သမ္မတ Trump မုန်တိုင်းဒဏ်သင့် Puerto Rico သွားမည်

Puerto Ricoကျွန်းမှာ ဟာရီကိန်းမုန်တိုင်း Maria ဝင်တိုက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှုများ

လာမယ့်အင်္ဂါနေ့မှာ မုန်တိုင်းဒဏ်သင့် Puerto Rico ဒေသကို လာမယ်လို့ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်က မနေ့က ပဲ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ပြင်းထန်တဲ့ဟာရီကိန်းမုန်တိုင်း Maria ဝင်တိုက်ခဲ့လို့ Puerto Ricoကျွန်းမှာ ထိခိုက်ပျက်စီးမှုတွေအကြီးအကျယ်ကြုံခဲ့ရတာပါ။ Puerto Rico ကျွန်းရဲ့အခြေခံအဆောက်အဦးတွေအားလုံးနီးပါးပျက်စီး သွားခဲ့တာပါ။ အဲဒီမှာ အစားအစာ၊ သန့်ရှင်းတဲ့ရေနဲ့လျှပ်စစ်မီးတွေအရေးပေါ်လိုအပ်နေပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်မယ့်လေယဉ်တွေ၊ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေ ကမ်းကပ်ရပ်နားနိုင်ဖို့လုံ ခြုံစိတ်ချရတဲ့နေရာကလည်း အနည်းအကျဉ်းပဲရှိပါတယ်။ Puerto Rico မှာငွေတွေအမြောက်အများလိုအပ်နေတယ်၊ အောက်တို ဘာ၃ရက်၊ အင်္ဂါနေ့မှာ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီရေး Puerto Ricoကို လာခဲ့မယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရကနေ Puerto Rico ကို တိုက်ရိုက်ပေး မယ့် ရက်ပေါင်း၁၈၀ အကူအညီတွေအပါအဝင် အရေးပေါ်အကူအညီပေးမှုတွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားရေးလုပ်ငန်း တွေအတွက် ရံပုံငွေတွေတိုးလာအောင်လုပ်ဆောင်မယ်လို့အိမ်ဖြူတော်ကပြောပါတယ်။

ပြန်လယ်ထူထောင်ရေးလုပ်ငန်းတွေက အချိန်တော်တော်ယူရမှာဖြစ်ပြီး သိပ်ပြီးခက်ခဲ လှတယ်ဆိုပေမဲ့ ကျနော်တို့အားလုံးအတူတကွဝိုင်း လုပ်ပြီးတော့ အခက်အခဲတွေကို ကျော်ဖြတ်ကြမယ်၊ Puerto Rico ပြန်လည်ထူထောင်ရေးအတွက်သက်ဆိုင်ရာ အဖွဲ့ အစည်းအား လုံးကို အကူအညီပေးကြဖို့ညွန်ကြားထားတယ်လို့လည်း သမ္မတထရမ့်ကပြောပါတယ်။ Puerto Ricoကျွန်းဟာ အခုနောက်ဆုံးတိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Maria မတိုင်ခင် တပတ်ကျော်တုန်းကလည်း Irma ဆိုတဲ့ ဟာရီကိန်း မုန်တိုင်းဝင်ခဲ့လို့ တလအတွင်းမုန်းတိုင်း၂ခုမိခဲ့တဲ့ ကျွန်း ဖြစ်တာကြောင့် ထိခိုက်ပျက်စီးမှုတွေ အကြီး အကျယ်နဲ့ အကူအညီတွေအမြောက်အများလိုအပ်နေတာပါ။

လောလောဆယ်တော့ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ ကူညီ ကယ်ဆယ်ရေးလုပ်သားတွေ ထောင်နဲ့ချီပြီး Puerto Ricoကိုရောက်နေပါပြီ။ နောက်ထပ်ကူညီရေးအဖွဲ့ဝင်တွေလည်း ဆက်ပြီး လာနေကြပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump မုန်တိုင်းဒဏ်သင့် Puerto Rico သွားမည်