ဦးထွန်းမင်းလတ်နဲ့ဆက်နွယ်သူ ထိုင်းအထက်လွှတ်တော်အမတ်ကို အမှုတင်ဖို့ပြင်ဆင်

Senator Upakit Pachirirangkun clarifies drug trafficking allegations during a press conference on March 17. (Photo: Apichart Jinakul)

တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးအရေးယူခံထားရတဲ့ မြန်မာနိုင်ငံသား ဦးထွန်းမင်းလတ်နဲ့ဆက်နွယ်သူ ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachirirangkun ကို ငွေမဲခဝါချမှု၊ နောက်ထပ်ဆက်စပ်ရာဇဝတ်မှုစွဲချက်တခုတို့နဲ့ အမှုတင်အရေးယူဖို့ စုံစမ်းစစ်ဆေးရေးမှုးတွေကဆုံးဖြတ်ခဲ့ကြတယ်လို့ ထိုင်းရှေနေချုပ်ရုံး ပြောခွင့်ရသူပြောဆိုတာကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။ အထက်လွှတ်တော်အမတ် Upakit ကို ငွေမဲခဝါချမှု၊ အခြားနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းမှာပါဝင်နေမှုနဲ့ ရဲ့ စုံစမ်းစစ်ဆေးခဲ့ပြီးနောက်၊ အဲဒီ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ပြီး အမှုတင်အရေးယူဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
အထက်လွှတ်တော်အမတ်ဟာ မူးယစ်ကုန်ကူးမှုနဲ့ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားဦးထွန်းမင်းလတ်နဲ့ ပတ်သက်နေတယ်လို့ Move Forward Party အမတ် Rangsiman Rome က စွပ်စွဲပြောဆိုခဲ့တဲအပေါ်၊ အသက် ၆၁နှစ်အရွယ် အထက်လွှတ်တော်အမတ် Upakit က မတ်လ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါသေးတယ်။
မူးယစ်ကုန်သွယ်မှုကရတဲ့ငွေတွေကို ထိုင်းမြန်မာနယ်စပ်က လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းကတဆင့် ငွေမဲ ငွေဖြူဖြစ်အောင် လုပ်တယ်ဆိုပြီး စွပ်စွဲခံရတာပါ။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ လွှဲပြောင်းခဲ့ပြီး၊ အခုလို စုံစမ်းစစ်ဆေးရေးမှုးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ရှေ့နေချုပ်အနေနဲ့ အထက်လွှတ်တော်အမတ် Upakit ကို တရားစွဲ မစွဲ လာမယ့် ဇူလှိုင် ၂၆ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့လည်း ရှေနေချုပ်ရုံးပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာအခုလို ဖမ်းဆီးခံရသူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်တွေ ရှာဖွေဖမ်းဆီးခံစဉ်တုန်းက၊ သူ့အိမ်မှာ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် သမီးနဲ့သားရဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေနဲ့ ဘဏ်စာအုပ်တွေ တွေ့ရှိခဲ့တယ်လို့ ရိုက်တာသတင်းတရပ်မှာဖော်ပြခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

0521 Thai myanma r for web.mp3