တူရကီငလျင်ကြီးနောက်ဝယ်

ငလျင်ဗဟိုချက်နဲ့ အနီးကပ်ဆုံး ကာရာမန်း မရတ်ရှ်မြို့မှာ အဆောက်အဦး ပြိုကျပျက်ဆီးမှုလည်း များပါတယ်။ ငလျင်လှုပ်သွားပြီး ၈ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ နောက်ထပ် လူ ၆ ဦးကို ဒီမြို့မှာ ကယ်တင်ရခဲ့ပါတယ်။ (ကာရာမန်း မရတ်ရှ်)

အသက် ၅ နှစ်အရွယ် သားလေး မူဟာမက် ရဇ်ဂါ ကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့ပါတယ်။ အန်တိုလီယန်၊ အာရေဘီယံ၊ ယူရေးရှန်းနဲ့ အာဖရိကန် မြေထုချပ်တွေ ဆုံတဲ့နေရာဖြစ်လို့ ဒီဒေသဟာ တည်ငြိမ်မှု မရှိပဲ မြေငလျင်တွေ မကြာခဏလှုပ်နိုင်ပါတယ်။

ရေနေးဟတ်ထိုင် အားကစားရုံ ကယ်ဆယ်ရေးစခန်းမှာ ငလျင်ဒဏ်သင့် အိုးအိမ်မဲ့ဒုက္ခသည်တွေအတွက် ရိုးရာစွပ်ပြုတ် ချော်ဘာ ချက်ပြုတ်နေတာ ဖြစ်ပါတယ်။ (ဟတ်ထိုင်၊ ဖော်ဖော်ဝါရီ ၁၀)

ဆီးရီးယားက ခမောက်ဖြူကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကယ်ဆယ်ရေး ၅ ရက်မြောက်နေ့ ခဏအနားယူနေကြတာပါ။ (ဂျန်ဒရစ်၊ ဖေဖော်ဝါရီ ၁၀)

ငလျင်အတွင်း အသက်မသေကျန်ရစ်သူ အက်ဒူလာလင် မွိုင်နီကို ဆုံးပါးသွားတဲ့ ဇနီးသည် အက်စ်ရာရဲ့ ရုပ်အလောင်းနားမှာ တွေ့ရတာပါ။ (ဟတ်ထိုင်ပြည်နယ်၊ ဖေဖော်ဝါရီ ၈)

မြေငလျင်ဒဏ်ခံရတဲ့ ဒီအရပ်ကနေ လူတွေ တခြားနယ်အသီးသီးကို နေ့တိုင်းထွက်ခွာနေကြပါတယ်။ တာဝန်ရှိသူတွေက သူတို့သွားလိုရာအရပ်ကို ဘတ်စကားတွေနဲ့ တင်ပေးပြီး တော်တော်များများကတော့ ဒီကို ပြန်မလာတော့ဘူးလို့ ဆိုပါတယ်။ (ဟတ်ထိုင်၊ ဖေဖော်ဝါရီ ၁၀)

မူရတ် မူဟစ်ဒင်က ငလျင်ကြီးထဲ ဆုံးပါးသွားတဲ့ အသက် ၂ နှစ်အရွယ် သူ့သားလေး ဗေးလ်ကို ရင်ခွင်ထဲပိုက်ထားပြီး ငိုကြွေးနေတာပါ။ ကိုယ်ချစ်ခင်သူတွေကို အလောင်းပါ ပြန်ရှာမတွေ့သူတွေ အများအပြားရှိပါတယ်။ (ဟတ်ထိုင်ပြည်နယ်၊ ဖေဖော်ဝါရီ ၈)

ပြိုအပျက်ပုံတွေကိုပဲ ထပ်ပြန်တလဲလဲ ရှာဖွေနေသူတွေကိုလည်း တွေ့ရပါတယ်။

ငလျင်ဗဟိုချက်နဲ့ အနီးကပ်ဆုံး ကာရာမန်း မရတ်ရှ်မြို့မှာ သေဆုံးရသူတွေကို မြှပ်နှံထားတဲ့ သချို င်္င်အနီး ပူဆွေးငိုကြွေးနေသူတဦးပါ။ တချို့ဆို တမိသားစုလုံး ဆုံးရှုံးလိုက်ရပြီး တဦးတည်းပဲ အသက်ရှင်ကျန်ရစ်တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို လူတွေနဲ့ တူတူဝိုင်းဝန်းလုပ်ဆောင်ပေးနေတဲ့ ခွေးတွေလည်း ပန်းနေပါပြီ။ အသက်ရှင်ကျန်ရစ်သူတွေ ရှိကျန်ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့ညမပြတ် ဆက်လက်ရှာဖွေနေကြရပါတယ်။ (ဟတ်ထိုင်မြို့၊ ဖေဖော်ဝါရီ ၁၃)

ဖေဖော်ဝါရီ ၈ ရက်နေ့က ကယ်ဆယ်ရမိတဲ့ ရက် ၂၀ သား သားလေး ကီရမ်းအားတက်ရှ် ဖြစ်ပါတယ်။ ကျောက်ပြားကြီးအောင်မှာ သူ့မေမေနဲ့ အတူ ပိတ်မိနေတာဖြစ်ပြီး မိခင်ဖြစ်သူလည်း အသက်ရှင်ပါတယ်။ (ဟတ်ထိုင်ပြည်နယ်၊ ဖေဖော်ဝါရီ ၈)

နိုင်ငံတောင်ပိုင်းက ဒီမြို့က ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်ပြီး အေးခဲနေတဲ့ အပူချိန်ကြောင့် အနွေးဓာတ်ရဖို့ ပလတ်စတစ်တွေ မီးရှို့နေရပြီး တမြို့လုံးညှော်နံ့တွေရယ် အသက်ရှုလို့မဝ ဖြစ်နေရပါတယ်။ (ကာရာမန်း မရတ်ရှ်၊ ဖော်ဖော်ဝါရီ ၁၃)

ငလျင်ဘေးသင့် ဟတ်ထိုင်ပြည်နယ်က အပျက်အဆီးမြင်ကွင်း ဖြစ်ပါတယ်။ (တူရကီ၊ ဖေဖော်ဝါရီ ၇)

သူတို့တွေက အပြိုအပျက်ပုံအောက်ထဲ ၁၀၄ နာရီပိတ်မိနေတဲ့ အမျိုးသမီး ဇိန်းနက်ခ်ကို ကယ်ဆယ်ဖို့ လုပ်နေကြမှာ ထိုင်စောင့်နေကြတဲ့ သူ့မိသားစုဝင်တွေပါ။