တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ကို ဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် တရားဝင် တည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ခွင့်ပြုလိုက်ပါတယ်။ ရခိုင်ပါတီ၂ ဖွဲ့ ပေါင်းစပ်ထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရေး အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်လူထု ထောက်ခံမှု အများဆုံး ရခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့ကို တရားဝင် ဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တရားဝင် နိုင်ငံရေးပါတီတခုအဖြစ် ဒီကနေ့ မတ်လ ၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။
အခုလို RNDP နဲ့ ALD ပါတီနှစ်ဖွဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့တာဟာ ပါတီ ၂ ခုကြားမှာ ကြီးမားတဲ့ မူဝါဒ ကွဲပြားမှု မရှိတာ၊ ပြီးတော့ ရခိုင်ပြည်နယ်မှာ အင်အား တောင့်တင်းတဲ့ အမျိုးသားပါတီတရပ် ပေါ်ထွန်းလာစေဖို့နဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ပါ ရည်ရွယ်ပြီး ပေါင်းစပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ RNDP အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ပြောပါတယ်။
ဒါကြောင့် ဒီကနေ့ကစလို့ တရားဝင် ပေါ်ပေါက်လာတဲ့ ANP ရခိုင်အမျိုးသားပါတီ အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်အရေး ပြဿနာ ဖြေရှင်းဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက်ကို ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးဦးလှစောက အခုလို ပြောပါတယ်။
"ကျနော်တို့က တရားဝင် ဒီမိုကရက်တစ်ပါတီဆိုတော့ ကျနော်တို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ပြဿနာတွေကို ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားရမှာပေါ့။ နောက်တခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပေါ့လေ ကျနော်တို့အနေနဲ့ ရခိုင်လူထုရဲ့ ဆန္ဒကို ခံယူပြီးတော့ ရွေးကောက်ပွဲ အနိုင်ရရှိရေးမှသည် ကျနော်တို့ ရခိုင်ပြည်မှာ ရခိုင်ပြည်သူတွေရဲ့ အမျိုးသားရေးခံစားခွင့်ရရှိရေး၊ အဲ့ဒီ့ဟာကိုလည်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း လာရေးထဲမှာလည်း အကျုံးဝင်ပါတယ်။ အဲ့ဒီ့လမ်းကြောင်းအတိုင်းပဲ ကျနော်တို့ ANP အနေနဲ့သွားမှာပါ။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဟာ ၂၀၁၂ ခုနှစ် မေလကုန်မှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့တဲ့ ပါတီဖြစ်သလို၊ မြန်မာနိုင်ငံမှာ ၈ လေးလုံး လူထုအုံကြွမှုဖြစ်ပြီးနောက် ပထမဆုံးအကြိမ် လုပ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ရခိုင်တိုင်းရင်းသားအများစုရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။
ဒါ့အပြင် အခု အသစ် ဖွဲ့စည်းခဲ့တဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ဘုံရပ်တည် ချက်အနေနဲ့ အရင် စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဦးဦးလှစော က အခုလို ဆက်ပြောပါတယ်။
"ကျနော်တို့ ဘုံရပ်တည်ချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း လာရေးပဲ။ နောက်တခုက ရခိုင်ပြည်သူတွေ ရဲ့ရသင့်ရထိုက်တဲ့ အမျိုးသားခံစားခွင့်တွေကို အပြည့်အဝရရှိရေး၊ နောက်တခုက ၂၀၁၅ ရွေးကောက်ပွဲ ကို ကျော်ဖြတ်ပြီးတဲ့ အခါမှာလည်း ကျနော်တို့ ၂၀၁၀တုန်းကလို အတွေ့အကြုံမျိုး ရခိုင်မှာ ရခိုင်ပါတီတွေက ရွေးကောက်ပွဲမှာ အနိုင်ရပါရဲ့သားနဲ့ ရခိုင်ပြည်နယ်အစိုးရကျတော့ ကြံ့ခိုင်ရေးပါတီက လက်ဦးမှုယူပြီးဖွဲ့သွားတာတို့ အခွင့်အရေးယူသွားတာမျိုး အဲ့တာမျိုးကျတော့ ဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ မကိုက်ညီဘူး။
အဲ့ဒီ့တော့ အဲ့ဒီ့စံနှုန်းတွေကို ကျနော်တို့ ချေဖျက်ဖို့ ကြိုးစားရမယ်။ ချေဖျက်နိုင်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲ့ဒီ့တော့ အဲ့ဒီ့ကိစ္စဟာလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲရေးနဲ့ အများကြီးပတ်သက်ပါတယ်။ အဲ့တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲရေးမှသည် တဆင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲကနေတဆင့် ရခိုင်ပြည်နယ် အစိုးရ ပေါ်ထွန်းလာရေး၊ ရခိုင်ပြည်သူလူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ပြဌာန်းခွင့်ရရေး၊ ဖက်ဒရယ်နိုင်ငံသစ် တည်ထောင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်မှာပဲ ကျနော်တို့ ARP အနေနဲ့ တစိုက်မတ်မတ် လျှောက်သွားပါမယ်။
ဒီကနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ အတည်ပြုလိုက်တဲ့ ဒီ ANP ရခိုင်အမျိုးသားပါတီမှာ လောလောဆယ် ဦးအေးသာအောင်ကို ဥက္ကဌအဖြစ်၊ ဒေါက်တာအေးမောင်ကို ဒုဥက္ကဌအဖြစ် တာဝန်ပေးထားပြီး၊ မကြာခင်မှာ ANP ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်တွေအပါအဝင် ပါတီဝင်တွေကို တာဝန်တွေ ခွဲဝေပေးဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။