Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံး

Your browser doesn’t support HTML5

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ယာဂီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၇၆ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မုန်တိုင်းက အားပျော့သွားပြီဆိုပေမယ့်လည်း မိုးအကြီးအကျယ် ရွာသွန်းနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။