ဂျူးဘာသာရေးဆရာတဦးသတ်ဖြတ်ခံမှု သံသယရှိသူသုံးဦးUAE အာဏာပိုင်ဖမ်းဆီး

  • Voice of America

A man walks past Rimon Market, a kosher grocery store managed by the late Rabbi Zvi Kogan, in Dubai, United Arab Emirates, Nov. 24, 2024.

အာရပ်စော်ဘွားများပြည်ထောင်စု၊ UAE မှာ အစ္စရေးနိုင်ငံသားတဦး သတ်ဖြတ်မှု စွဲချက်နဲ့ ပတ်သက်သူ ၃ ဦး ကို ဖမ်းဆီးလိုက်တယ်လို့ UAE ပြည်ထဲရေးက တနင်္ဂနွေနေ့မှာပြောပါတယ်။ အဖမ်းခံရသူတွေရဲ့ အသေးစိတ်အချက်အလက်ကို ပြည်ထဲရေးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြမထားသလို သူတို့ကို စွဲချက်တင်ထားသလားဆိုတာကိုလည်း ပြောမထားပါဘူး။ ဒါပေမယ့်လည်း တည်ငြိမ်မှုပျက်ပြားသွားအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ကြိုးပမ်းချက်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားမ​ယ်လို့တော့ ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၈ နှစ်အရွယ်၊ ဂျူးဘာသာရေးဆရာ Zvi Kogan အသတ်ခံရတာဟာ ရက်စက်ကြမ်းကြုတ်ပြီး ဂျူးဆန့်ကျင်ရေး အကြမ်းဖက်လုပ်ရပ်အဖြစ် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးက ပြစ်တင်ရှုတ်ချခဲ့တာပါ။ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်အောင် အစွမ်းကုန် ကြိုးပမ်းမယ်လို့လည်း ဝန်ကြီးချုပ် Benjamin Netanyahu ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Kogan ဟာ UAE မှာ နေထိုင်သူဖြစ်ပြီး Moldova နိုင်ငံသားတဦးလည်းဖြစ်တယ်လို့ ဒေသအာဏာပိုင်တို့ကပြောပါတယ်။ ကြာသပတေးနေ့မှာ Kogan ပျောက်ဆုံးကြောင်း ပထမဆုံးသတင်းထွက်လာပြီး တနင်္ဂနွေနေ့မှာ သူ့အလောင်းကို အိုမန်နိုင်ငံနယ်စပ်အနီး Al Ain မြို့မှာ တွေ့ခဲ့ကြတာပါ။ စုံစမ်းစစ်ဆေးမှုမှာ အစ္စရေးထောက်လှမ်းရေးက ပါဝင်ဆောင်ရွက်နေပြီး Kogan ကို Dubai မြိုက Kosher စူပါမားကက်မှာ နောက်ဆုံးတွေ့ခဲ့ကြပုံရတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ဂျူးဘာသာရေးဆရာတဦးသတ်ဖြတ်ခံမှု သံသယရှိသူသုံးဦးUAE အာဏာပိုင်ဖမ်းဆီး