မော်စကိုမြို့တော်ကို ဒရုန်းတွေနဲ့ ယူကရိန်း စံချိန်တင်တိုက်ခိုက်

ယူကရိန်း ဒရုန်းတပ်ဖွဲ့ (ယူကရိန်းသမ္မတရုံး)

ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ပစ်မှတ်ထားပြီး ယူကရိန်းက ဒရုန်း ၃၄ ခုထက်မနည်းသုံးပြီး ဒီကနေ့ပဲ တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက ၂၀၂၂ ခုနှစ်မှာ စတင်ကျုးကျော်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း၊ အရေအတွက် အများဆုံးအဖြစ် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရခဲ့ပြီး၊ မြို့တော်က အဓိကလေဆိပ် ၃ ခုက ခရီးစဉ်တွေကိုလည်း လမ်းကြောင်းပြောင်းခဲ့ရပါတယ်။

နိုင်ငံအနောက်ပိုင်းမှာလည်း ၃ နာရီအတွင်း ဒရုန်း ၃၆ ခုကို လေကြောင်းရန် ကာကွယ်ရေးက ပစ်ချခဲ့ရတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ Domodedovo, Sheremetyevo နဲ့ Zhukovsky လေဆိပ် ၃ ခုက အနည်းဆုံး လေယာဉ်ခရီးစဉ် ၃၆ ခုကို လမ်းကြောင်းပြောင်းခဲ့ရပြီး၊ နောက်ပိုင်းမှာတော့ လုပ်ငန်းတွေ ပြန်လည်ပတ်ခဲ့ကြောင်းလည်း လေကြောင်းသယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် မော်စကိုမှာ လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှားက ဒရုန်း ၁၄၅ ခုနဲ့ စံချိန်တင် တိုက်ခိုက်တာခံခဲ့ရပြီး၊ ၆၂ ခုကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။