မလေးရှားလေယာဉ် ပျက်ကျမှုမှာ အဆိုးရွားဆုံးခံခဲ့ရတဲ့ တိုင်းပြည်ဖြစ်တဲ့ နယ်သာလန်ကို စုံစမ်းစစ်ဆေးမှု သဲလွန်စတွေ လွဲှပြောင်းပေးမယ်လို့ ယူကရိန်းဝန်ကြီးချုပ် အာဆဲန်ညီ၊ ရပ်ဆဲန်ညွတ် က ကမ်းလှမ်းလိုက်ပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ယတ်ဆဲန်ညွတ်က ရုရှားလိုလားသူတွေကို လေယာဉ်ပစ်ချခဲ့တဲ့အတွက် ဒေါသထွက်ပြီး အပြစ်တင်လိုက်ပါတယ်။ ရုရှားကလည်း နောက်ကွယ် အမှောင်ထဲမှာ ရှိနေတယ်လို့ သူက ပြောသွားပါတယ်။
တချိန်တည်းမှာ ဒီလေယာဉ် ပျက်ကျခဲ့တဲ့နေရာကို ဒတ်ချ် စုံစမ်းစစ်ဆေးသူ သုံးဦး ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အလောင်းတွေထည့်ထားတဲ့ သိုလှောင်ရုံတွေဟာ အရည်အသွေးကောင်းတယ်လို့ ထင်ရကြောင်း ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှားလေယာဉ်ရဲ့နေရာကို နိုင်ငံတကာအဖွဲ့တွေ ဝင်ရောက်ခွင့်ပြုဖို့ တောင်းဆိုတဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒေသစံတော်ချိန် ဒီကနေ့ နေ့လည်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံပြီး ဆုံးဖြတ်ချက်တစ်ခုချဖို့ ဆွေးနွေးခဲ့တာပါ။
သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အဘော့ (Tony Abbott) ကလည်း နိုင်ငံခြားရေး ဝန်ကြီး ဂျုလီ ဘစ်ရှော့(Julie Bishop) ကို အမေရိကန်ကို စေလွှတ်ထားပြီး ဒီ ဆုံးဖြတ်ချက်အတွက် ဆွဲဆောင်သိမ်းသွင်းဖို့ ဖြစ်ပါတယ်။ ဒီပျက်ကျမှု မှာ သြစတြေးလျ နိုင်ငံသားနဲ့ နေထိုင်သူ အနည်းဆုံး ၃၇ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။