ယူကရိန်းနိုင်ငံ ခရိုင်မီးယား (Crimea) ဒေသကို ရုရှားက ရယူလိုက်တဲ့အပေါ် ပိုပြီး အခိုင်အမာတုံ့ပြန်ရေး ဆွေးနွေးဖို့ မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လမှာ ယူကရိန်းအကျပ်အတည်း စဖြစ်ခဲ့ကတည်းကဆိုရင် ဒါဟာ NATO အဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးတာပါ။
အခုချိန်ထိကတော့ ဘောလ်တစ်ဒေသမှာ လေကြောင်းကင်းလှည့်တာကို NATO အဖွဲ့က ပိုတိုးလုပ်ဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုက ပိုလန်နိုင်ငံနဲ့ ပိုပြီး အားကောင်းတဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ စီစဉ်နေပါတယ်။
NATO အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့ ဒါမှမဟုတ် ရုရှားနယ်စပ်နား ပိုနီးတဲ့ အရှေ့ဥရောပမှာ အမြဲတမ်း အခြေစိုက်စခန်းတွေ ဖွင့်မယ့် အလားအလာတွေကို ဝန်ကြီးတွေ ဆုံးဖြတ်ချက်ချနိုင်တယ်လို့ သံတမန်တွေက ပြော ပါတယ်။
ယူကရိန်းနယ်စပ်နားမှာ ချထားတဲ့ တပ်ဖွဲ့ဝင်ရာပေါင်းများစွာကို တနင်္လာနေ့မှာ ရုရှားက ပြန်ရုပ်ခဲ့ပေမဲ့ ထောင်ပေါင်းများစွာ ကျန်နေဆဲရှိပါသေးတယ်။