ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့် အရိပ်လက္ခဏာ မတွေ့ရသေး (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး)

ရုရှားတင့်ကားအမြောက်တပ်ယာဉ်တန်း ခရိုင်းမီးယားဒေသ အဝေးပြေးလမ်းမှာ သွားလာနေစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၂၂) 

လေလောဆယ် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့်အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြင်သစ် ရုပ်သံသတင်းဌာနတခုကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

[[Zawgyi/Unicode]]

လေလောဆယ် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့်အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြင်သစ် ရုပ်သံသတင်းဌာနတခုကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ - ယူကရိန်းနဲ့ပတ်သက်လို့ ရုရှားတို့ရဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို အနောက် အုပ်စုနိုင်ငံတွေက မသိကျိုးကျွံပြုပြီး ယူကရိန်းနဲ့ စစ်မဖြစ်ဖြစ်အောင် သွေးဆောင်နေကြတယ်လို့ မနေ့ ေဖေဖာ်ဝါရီလ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားက သိန်းနဲ့ချီတဲ့ တပ်ဖွဲ့အင်အားတွေပို့ထားတဲ့အေပါ် အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက စိုးရိမ်မှုတွေ ထွက်ပေါ်နေပေမယ့် ရုရှားဘက်ကေတာ့ ဒါဟာ ယူကရိန်းကို ဝင်ရောက်သိမ်းပိုက်ဖို့ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ရုရှားက ယူကရိန်းပိုင် Crimea ဒေသကိုသိမ်းပိုက်အပြီး ၈ နှစ်နီးပါးကြာလာပြီး Donbass ဒေသက ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံပေးထားတဲ့အတွက် အရင် ဆိုဗီယက်ပြည်ထောင်စုလက်အောက်ခံဖြစ်ခဲ့တဲ့ ယူကရိန်းနိုင် ငံဟာ စစ်အေးခေတ်နောက်ပိုင်း အရှေ့နဲ့ အနောက်အုပ်စုအကြား အန္တရာယ်အကြီးဆုံးဒေသ ဖြစ်လာနေပါတယ်။

#VladimirPutin #JeanYvesLeDrian #Donbass #ရုရှား #ယူကရိန်းနယ်စပ် #အနာက်အုပ်စု #ခရိုင်းမီးယား

Your browser doesn’t support HTML5

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့် အရိပ်လက္ခဏာ မတွေ့ရသေး (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး)

=========

[[Unicode]]







=========