ယူကရိန်း စစ်အသုံးစရိတ် ဒေါ်လာသန်း ၄၀ နီးပါး အလွဲသုံးစားခံရ

FILE - A Ukrainian serviceman fires a 122mm mortar towards Russian positions at the front line, near Bakhmut, Donetsk region, Ukraine, July 2, 2023.

ရုရှားနဲ့ တိုက်နေတဲ့ စစ်ပွဲမှာသုံးမယ့် မော်တာအမြောက်ကျည်တွေအတွက် လျာထားတဲ့ ဒေါ်လာသန်း ၄၀ နီးပါးကို ယူကရိန်းလက်နက်ကုမ္ပဏီက ဝန်ထမ်းတွေဟာ အာဏာပိုင်တွေနဲ့ပေါင်းပြီး အလွဲသုံးစား လုပ်ခဲ့ကြကြောင်း ယူကရိန်းလုံခြုံရေးဌာန SBU က ပြောလိုက်ပါတယ်။

အမှုနဲ့ပတ်သက်လို့ လူ ၅ ယောက်ကို အရေးယူထားပြီး နောက်တယောက်ကိုလည်း နိုင်ငံကထွက်ခွာဖို့ ကြိုးစားစဉ်မှာ ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေးဌာနက စနေနေ့မှာ ပြောဆိုခဲ့တာပါ။ အရေးယူခံရသူတွေ အနေနဲ့ အပြစ်ရှိတယ်ဆိုရင် ထောင်ဒဏ် ၁၂ နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။ အလွဲသုံးစားလုပ်ခဲ့တဲ့ ငွေတွေကိုတော့ ပြန်လည်သိမ်းဆည်း ရရှိထားပြီး၊ ယူကရိန်းနိုင်ငံ စစ်အသုံးစရိတ်အတွက် ပြန်ပေးမယ်လို့လည်း အစိုးရရှေ့နေရုံးက ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန နေ့စဉ်ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ ရုရှားစစ်တပ်ရဲ့ တပ်သားစုဆောင်းရေး စခန်းတွေမှာ မီးရှို့မှုတွေဟာ လွန်ခဲ့တဲ့ ၆ လအတွင်း ၂ ဆတိုးလာတယ်လို့ ဖော်ပြခဲ့တာပါ။ ရုရှားတာဝန်ရှိသူတွေကတော့ မီးရှို့မှုတွေဟာ အနောက်နိုင်ငံတွေအတွက် ကျုးလွန်နေတာလို့ စွပ်စွဲထားပါတယ်။ ဗြိတိန်ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ အထူးသဖြင့် တပ်သားသစ် စုဆောင်းခံရသူတွေနဲ့ ယူကရိန်းစစ်ကို မလိုလားသူတွ တိုးလာနေတာကြောင့် မီးရှို့ခံရတာလို့ သုံးသပ်ထားပါတယ်။