[[Zawgyi/Unicode]]
ယူကရိန်းနိုင်ငံ Mariupol မြို့က သံမဏိစက်ရုံမှာပိတ်မိနေတဲ့အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် အဲဒီမြို့မှာ ဒီနေ့ တနေ့ကုန် အပစ်ရပ်ပြီး သောကြာနဲ့ စနေနေ့တွေမှာတော့ နေ့ဘက်တွေမှာ အပစ်ရပ်သွားမယ်လို့ ရုရှားဘက်က ကတိပြုလိုက်ပါတယ်။
ရုရှားတပ်တွေဟာ Mariupol မြို့က Azovstal သံမဏိစက်ရုံကလွဲပြီး ကျန်တဲ့နေရာတွေကို သိမ်းယူထားပြီး အဲဒီသံမဏိစက်ရုံထဲမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့အတူ ပိတ်မိနေတဲ့အရပ်သားတွေကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ အဲဒီမှာ ကျန်နေတဲ့ အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့အတွက် အပစ်ရပ်တာကို ပိုပြီးတော့ လုပ်သွားဖို့လိုတယ်လို့ ဒီကနေ့ မနက်ပိုင်က ပြောကြားလိုက်ပါတယ်။
“အဲဒီက မြေအောက်ခန်းတွေမှာ ပုန်းခိုနေကြတဲ့တဲ့သူတွေကို ကယ်ထုတ်ဖို့အတွက် အချိန်ပိုပြီးတော့ လိုမှာဖြစ်ပါတယ်။ လက်ရှိအနေအထားအရတော့ အဲဒီက အပျက်အစီးပုံတွေကို ဖယ်ရှားနိုင်ဖို့အတွက် စက်ယန္တရားကြီးတွေကို ကျနော်တို့ အသုံးမပြုနိုင်ဘဲ အားလုံးက လက်နဲ့ ဖယ်ရှားနေရတာဖြစ်တယ်လို့” ယူကရိန်းသမ္မတ ဇာလင်စကီးက ပြောသွားတာပါ။
ဒါပေမယ့် ရုရှားဘက်က အဲဒီလို အပစ်ရပ်ဖို့ပြောနေတာနဲ့ပတ်သက်ပြီး သံသယဖြစ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Ned Price က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂကတော့ Mariupol နဲ့ Manhush အပါအဝင် တချို့နေရာတွေကနေ အရပ်သား ၃၀၀ ကို ကယ်ထုတ်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ခဲ့တယ်လို့ မနေ့က ပြောလိုက်ပါတယ်။
Your browser doesn’t support HTML5
Mariupol မြို့တွင်း ပိတ်မိနေတဲ့အရပ်သားတွေကယ်ထုတ်ရေး ယာယီအပစ်ရပ်
===========
[[Unicode]]
===========