ယူကရိန်းလုံခြုံရေး နိုင်ငံတကာအစည်းအဝေး ကန် ဦးဆောင်ကျင်းပ

အမေရိကန် ဦးဆောင်ကျင်းပတဲ့ ယူကရိန်း လုံခြုံရေး အကူအညီပေးရေးဆိုင်ရာ နိုင်ငံပေါင်း ၄၀ ပါတဲ့ ညီလာခံအတွင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး Lloyd Austin (ဧပြီ ၂၆၊ ၂၀၂၂)


[[Zawgyi/Unicode]]

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် တကမ္ဘာလုံးက ဒီလောက် မြန်မြန်ဆန်ဆန် ယူကရိန်းကို ဝိုင်းပြီး ပံ့ပိုးပေးကြလိမ့်မယ်ဆိုတဲ့အချက်ကို သမ္မတ Vladimir Putin က ကြိုတင် စဉ်းစားထားခဲ့ပုံမရဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားလိုက်ပါတယ်။ အမေရိကန်က ဦးဆောင်ကျင်းပတဲ့ ယူကရိန်းကို လုံခြုံရေး အကူအညီပေးရေးဆိုင်ရာ နိုင်ငံပေါင်း ၄၀ ပါတဲ့ ညီလာခံမှာ ဝန်ကြီး Austin က အဲဒီလို ပြောကြားလိုက်တာပါ။

ဒီ ညီလာခံရဲ့ ရည်ရွယ်ချက်ဟာ ရုရှားရဲ့ မတရားတဲ့ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းတို့က တွန်းလှန် အနိုင်ရရေးနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေအတွက် ယူကရိန်းကို ကူညီရေးပေးရေးအတွက်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ၊ Ramstein လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ ညီလာခံမှာ ဝန်ကြီး Austin က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ၂ ဦး ယူကရိန်းနိုင်ငံမြို့တော် Kyiv ကို သွားရောက်ပြီး သမ္မတနဲ့ တွေ့ဆုံပြီး ယူကရိန်းကို အမေရိကန်က စစ်ရေး အကူအညီ ထပ်ပေးမယ့်အကြောင်းနဲ့ တခြားနိုင်ငံတွေကလည်း အလားတူ ကူညီပေးကြဖို့ ပြောဆို ဆွေးနွေးအပြီး ၂ ရက်အကြာမှာ ဒီညီလာခံကို ကျင်းပတာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ - နေတိုးမဟာမိတ်အဖွဲ့ဟာ ယူကရိန်းကို ကြားခံပြီး ရုရှားနဲ့ စစ်တိုက်နေတဲ့အတွက် ဒီပဋိပက္ခကနေ တတိယကမ္ဘာစစ်ဖြစ်သွားနိုင်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဟာ ရုရှားသမ္မတ Vladimir Putin ၊ နိုင်ငံခြားရေးဝန်ကြီး Lavrov တို့နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိပြီး ကြာသမတေးနေ့မှာ ယူကရိန်းသမ္မတနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းလုံခြုံရေး နိုင်ငံတကာအစည်းအဝေး ကန် ဦးဆောင်ကျင်းပ

===========


[[Unicode]]






===========