ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အမြောက်အများကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်လောက်တဲ့ အထောက်အထား ရထားပြီလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ ဒမတ်စ်ကတ်မြို့တော်ရဲ့ Ghouta ဒေသနားမှာ Sarin အဆိပ်ဓာတ်ငွေ့ပါတဲ့ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်ဆိုတာ စုဆောင်းရယူထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ ဓာတုဆိုင်ရာ၊ ဆေးဖက်ဆိုင်ရာ နမူနာတွေက ပြနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောတယ်ဆိုပြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
ဓာတုလက်နက်တွေကို အသုံးပြုခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးဖို့ဖြစ်ပြီး ဘယ်သူအသုံးပြုသလဲဆိုတာကို စစ်ဆေးဖို့ မပါပါဘူး။ အဲ့ဒီတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရဘက်က လုပ်ခဲ့တယ်လို့ အမေရိကန်ကပြောပြီး၊ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ပြောထားပါတယ်။