ကမ္ဘာပေါ်မှာရှိတဲ့ သစ်တောတွေ၊ သန္တာကျောက်တန်းတွေနဲ့ တခြားရှားပါး ဂေဟစနစ်တွေကို ကာကွယ် စောင့်ရှောက်ပေးမယ့် သဘောတူစာချုပ်တစ်ခုကို ဇီဝမျိုးကွဲဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ သဘောတူခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်မတိုင်ခင် ကမ္ဘာပေါ်က ကုန်းမြေ ၁၇ ရာခိုင်နှုန်းနဲ့ သမုဒ္ဒရာ ၁၀ ရာခိုင်နှုန်းကို အကာအကွယ်ပေးကြဖို့ ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ ညီလာခံတက်ရောက်နေကြတဲ့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေက သဘောတူခဲ့ကြတာပါ။
လက်ရှိမှာ ကမ္ဘာကုန်းမြေ ၁၃ ရာခိုင်နှုန်းနဲ့ သမုဒ္ဒရာ ၁ ရာခိုင်နှုန်းပဲ ကာကွယ်စောင့်ရှောက် ခံနေရပါတယ်။ အခု သဘောတူလိုက်ကြတဲ့ အချက်တွေအရ ကမ္ဘာ့ ကုန်းမြေနဲ့ ရေပြင်တွေကို မပျက်ဆီးအောင် သတ်မှတ် ကာကွယ်သွားကြဖို့နဲ့ ငါးဖမ်းလုပ်ငန်းတွေကိုလည်း ရေရှည် စီမံခန့်ခွဲသွားဖို့ တောင်းဆိုထားပါတယ်။
အခုသဘောတူလိုက်ကြတဲ့ စာချုပ်သစ်ဟာ သူတို့ဖြစ်စေချင်သလောက် အကာအကွယ် မပေးဘူးလို့ တချို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးအနေနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ ရှိလာစေတယ်လို့ အကောင်းပြောခဲ့ကြပါတယ်။