အစိုးရသစ် လက်ထက် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး၊ ဖော်ဆောင်နေတယ်
ဆိုပေမဲ့လည်း မြန်မာ့နိုင်ငံရေးလောကမှာ စစ်တပ် ပါဝင်ပတ်သက်နေသမျနဲ့ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျင့်သုံးနေသမျ ကာလပတ်လုံး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝရမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တခြား စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့လည်း မြန်မာ့လူ့အခွင့်အရေး အခြေအနေကို မျက်ကွယ်ပြုတဲ့ အရိပ်လက္ခဏာကို တွေ့မြင်နေရတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ယခင်နဲ့ ယခု၊ တနည်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်နဲ့ အခုအသွင်ပြောင်းလာတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၊ လူ့အခွင့်အရေး အခြေအနေနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုအခါမှာ သိသိသာသာ တိုးတက်လာတယ်လို့ မစ္စတာကင်တာနားက ဆိုပါတယ်။ သူထောက်ပြတဲ့ သက်သေ အထောက်အထားတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်ခွင့်ရတယ်၊ လွှတ်တော်အမတ်တွေဖြစ်လာတယ်ဆိုတဲ့ အချက်အလက်ပါဝင်ပါတယ်။ တခါ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရလာတယ်၊ စသဖြင့် သူထောက်ပြပြီးတော့ ပြောဆိုသွားတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ယခင်စစ်အစိုးရလက်ထက်က အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နစ်နာခဲ့ရတဲ့သူတွေ၊ ဘဝပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ ဆိုတော့ ဒီဖြစ်ရပ်တွေကိုရော မေ့ဖျောက်ပစ်လိုက်ရမလားဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မစ္စတာကင်တာနားက သူ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဒီကိစ္စကိုဖော်ပြခဲ့ပါတယ်တဲ့။
ဒီကိစ္စကိုဖော်ထုတ်ပြီးတော့ ထိုက်သင့်သလိုဆောင်ရွက်ဖို့ကို အကြံပြုတင်ပြထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရရဲ့ တုန့်ပြန်မှု တစုံတရာ မရရှိခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကို စိတ်မဝင်စားကြဘူးလို့ မစ္စတာကင်တာနားကဆိုပါတယ်။
“သူတို့က ကုလသမဂ္ဂအဖွဲ့အနေနဲ့တာဝန်ရှိပါတယ်။ တရားမျှတမှုနဲ့ အမှန်တရားဆိုတာ ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မူဝါဒတွေဖြစ်ပါတယ်။ လူ့အခွင့်အရေးလေးစားမှုဆိုတာလည်း ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ပါ။ ဒါကြောင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ဒီနိုင်ငံတွေကို ကျနော် သတိပေးရပါလိမ့်မယ်။ ငွေရေး၊ ကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာပဲဖြစ်ဖြစ် မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆောင်ရွက်မယ်ဆိုရင် သူတို့အနေနဲ့ လူ့အခွင့်အရေးအကြောင်းကို ထည့်ပြောရပါလိမ့်မယ်။ ဒါဟာ ကျနော် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ပြောနေတာဖြစ်ပါတယ်။”
လူ့အခွင့်အရေးဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအတွက် ပြည်တွင်းလိုအပ်ချက်အနေနဲ့ကတော့ အခုလက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူတို့ရဲ့ ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါမှသာလျင် လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်၊ နိုင်ငံတရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာကင်တာနားက ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီအောင်၊ ပြုပြင်နိုင်မယ့် နည်းလမ်းတရပ်၊ အခြေအနေတရပ်ရှိမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲတရပ်ကို တွေ့မြင်ရပါလိမ့်မယ်။ အခုရှိနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံဟာ ၂၀၀၈မှာတုန်းက ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်ဆိုပေမဲ့ တရားမျှတမှုလုံးဝမရှိ၊ လုံးဝတဖက်သက် အတည်ပြုချက်ရယူခဲ့တာသာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် တိုင်းပြည် ဒုက္ခရောက်နေချိန်၊ လုပ်သွားတဲ့ ဆန္ဒခံယူပွဲလည်းဖြစ်ပါတယ်။ လူထုဆန္ဒအစစ်အမှန်မရခဲ့ပါဘူး။ ကျနော့်သဘောပြောရမယ်ဆိုရင်တော့ အစိုးရအနေနဲ့ တချိန်ချိန်မှာ ဒီဖွဲ့စည်းပုံကို လူထုရှေ့မှောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ပေးပြီး ပြန်ပြင်ဖို့သင့်ပါတယ်။ ဒါဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးတဲ့ကိစ္စပါ။”
တခါအဲ့ဒီ့ဖွဲ့စည်းပုံအရဆိုလို့ရှိရင် စစ်တပ်က နိုင်ငံရေးမှာ အရေးပါတဲ့နေရာမှာ ရောက်ရှိနေတဲ့အတွက် ဒါဟာ လူ့အခွင့်အရေးအတွက် အနှောင့်အယှက်၊ အတားအဆီးတရပ် ဖြစ်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ်ရောက်ခဲ့ရာမှာ ကျန်တဲ့အရာရှိကြီးတွေ၊ ဝန်ကြီးတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့ပေမဲ့၊ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ဆုံခွင့်မရခဲ့ပါဘူးတဲ့၊ ဒါဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အားနည်းနေတယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်ဆိုတာကို မစ္စတာကင်တာနားက ထောက်ပြသွားပါတယ်။
“ပါလီမန်မှာ နေရာ ၂၅% ကို အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်သူတွေက ကြီးစိုးထားတာ တွေ့ရပါတယ်။ စစ်တပ်ဟာ ဒီနေရာမှာ အာဏာရှိနေတယ်ဆိုတာ ထင်ရှားတဲ့သက်သေပါ။ နောက်တစ်ခုက နယ်စပ်ဒေသက တိုင်းရင်းသားပြဿနာတွေကို ကိုင်တွယ်ရာမှာ စစ်တပ်က ဘယ့်လောက်အထိ အာဏာ ချုပ်ကိုင်ထားသလဲ ဆိုတာပါပဲ။ ကျနော် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ပြီးပါပြီ။ ဝန်ကြီးပေါင်းများစွာ၊ အရာရှိကြီးပေါင်း များစွာနဲ့ တွေ့ဆုံခွင့်၊ မေးမြန်းခွင့်တွေလည်း ရခဲ့ပါတယ်။ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ခွင့်မရခဲ့ပါဘူး။ ကျနော့်ဘက်က အမြဲ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ မရပါဘူး။ နိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စစ်တပ်ရဲ့အနေအထားကို ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးဖို့က လိုအပ်ပါတယ်။”
အမေရိကန်အစိုးရက မြန်မာနိုင်ငံအစိုးရနဲ့ စစ်တပ်ချင်း ဆက်ဆံရေးကို လုပ်မယ်၊ ပြီးတော့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးလိုက်နာဖို့ လေ့ကျင့်သင်ကြားပေးမယ်၊ မြန်မာစစ်တပ်ဟာ ဝန်ထမ်းကောင်းပီသတဲ့ အရပ်သားတွေရဲ့ အမိန့်အာဏာကို လက်ခံနိုင်တဲ့ လိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်ဆိုတဲ့အပေါ်မှာလည်းပဲ မစ္စတာကင်တာနားက အယုံအကြည်မရှိဘူးလို့ပြောကြားသွားပါတယ်။