ဆယ်စုနှစ်ပေါင်းများစွာအတွင်း လူတွေရဲ့ အပြုအမူကြောင့် ကမ္ဘာမှာရှိနေတဲ့ အပင်နဲ့ သတ္တဝါ မျိုးစိတ် ပေါင်း ၁ သန်း မျိုးတုန်းမယ့် အန္တရာယ်ရှိနေကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာက သတိပေးလိုက်ပါတယ်။
ဒီအစီရင်ခံစာအတွက် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက သုတေသီပေါင်း ၄၅၀ ယောက်က ပြုစုရေးသားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်အရ အစုလိုက်အပြုံလိုက် မျိုးတုန်းမယ့် ဖြစ်ရပ်ဟာ လူ့သမိုင်းမှာ အရင်က တကြိမ်တခါမှ မဖြစ်ဘူးတဲ့ အခြေအနေမျိုး ဖြစ်ပြီး၊ သဘာ၀ ပျက်စီးမှုဟာ မကြုံစဖူးအောင် တကမ္ဘာလုံးအတိုင်းအတာ နဲ့ချီ ရှိလာနေတယ်လို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀သန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင် အခု မျိုးစိတ်တွေ မျိုးတုန်းလာမယ့်နှုန်းက အဆပေါင်း ထောင်နဲ့ချီ မြန်ဆန်မှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ က ပြောပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ သတ္တဝါနဲ့ အပင် မျိုးစိတ်ပေါင်း ၈ သန်းရှိနေပါတယ်။
စာမျက်နှာ ၁,၈၀၀ ပါတဲ့ အဲဒီအစီရင်ခံစာကို (၇)ကြိမ်မြောက် IPBES ဇီဝမျိုးကွဲနဲ့ ဂေဟစနစ်ဆိုင်ရာ သိပ္ပံဆိုင်ရာ မူဝါဒ နိုင်ငံတကာညီလာခံမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက်မျိုးတုန်းမယ့် အန္တရာယ်ကို ဖြေရှင်းဖို့ လူမှုအဖွဲ့အစည်းအလိုက် ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်မှာဖြစ်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
Your browser doesn’t support HTML5