အင်ဒိုနီးရှားကမ်းခြေနား မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စက်လှေတစင်းကို ကမ်းကပ်ခွင့်ပြုဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် ဒုက္ခသည် ၁၀၀ ကျော်ပါတဲ့စက်လှေတစင်း အင်ဒိုနီးရှား အနောက်ဖက်အာချေးပြည်နယ်ကမ်းရိုးတန်းနား မျောနေတာကို ကယ်တင်ပေးဖို့ UNHCR ကုလဒုက္ခသည်များဆိုင်ရာရုံးက အင်ဒိုနီးရှားအစိုးရကိုတောင်းဆိုလိုက်တာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အင်ဒိုနီးရှားဆိုင်ရာ အကာအကွယ်ပေးရေး တာဝန်ခံ Faisal Rahman က ဒုက္ခကြုံနေတဲ့ ရိုဟင်ဂျာမိသားစုတွေ အန္တရာယ်ကင်းရေး ကမ်းကပ်ခွင့်ပေးဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေကို မနေ့က အရေးပေါ် တောင်းဆိုခဲ့တာပါ။ ဒုက္ခသည်တစ်ဦးကတော့ ပြီးခဲ့တဲ့အပတ်ထဲ သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား ဒေသခံအရာရှိက ပြောဆိုပြီးတဲ့နောက် ဒီဒုက္ခသည်တွေကို ဆက်အကူအညီပေးဖို့ ကုလဒုက္ခသည်များရုံးနဲ့ မိတ်ဘက်အဖွဲ့တွေဘက်ကအသင့်ပြင်ထားတယ်လို့ အင်ဒိုနီးရှားဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ခံ Fisal Rahman က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနဲ့ အင်ဒိုနီးရှားကို အခုလို မကြာခဏ ပင်လယ်ခရီးကနေ လှေတွေနဲ့ ထွက်ခွါလေ့ရှိပြီး အခု စက်လှေကတော့ ပြီးခဲ့တဲ့အပတ်ထဲက အာချေးကျွန်းရဲ့ ၄ မိုင်အကွာမှာ ကျောက်ချနေခဲ့တယ်လို့ ကုလဒုက္ခသည်ရုံးက ပြောပါတယ်။
Your browser doesn’t support HTML5