ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမယ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်ကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ပဲ ကြေညာလိုက်တာပါ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရှိန်ထိုး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အရင်ကစခဲ့တာရော လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်စဲရေး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Andrew Kirkwood က ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5