မြန်မာအပါ ကမ္ဘာတဝှမ်း သတင်းသမားသေဆုံးမှု UNESCO အစီရင်ခံစာထုတ်ပြန်
သတင်းသမားတွေ သတင်းမှန်ရရေး အလုပ်လုပ်တာဟာ ရာဇဝတ်မှု ကျူးလွန်တာမဟုတ်တဲ့အတွက် သတင်းသမားတွေအပေါ် တရားလက်လွတ်ဖမ်းဆီး သတ်ဖြတ်မှုတွေ အဆုံးသတ်ရေးနဲ့ တရားမျှတမှုရှိရှိ အရေးယူနိုင်ရေး ကြိုးပမ်းသွားမယ့်အကြောင်း မြန်မာသတင်းမီဒီယာကောင်စီ ICPM က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း ၂၀၂၄ ခုနှစ် ဒီနေ့အထိ သတင်းသမား ၆၀ ကျော် အသတ်ခံရတဲ့အကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO အဖွဲ့ကြီးရဲ့ အစီရင်ခံစာ ထွက်လာချိန်မှာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်ပြီး VOA ကို ပြောသွားတာပါ။ မဆုမွန် တင်ပြထားပါတယ်။