အမေရိကန်သမ္မတ Barack Obama ဟာ အိမ်ဖြူတော် အရာရှိချုပ် Jack Lew ကို ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ် အဆိုတင်သွင်းဖို့ မျှော်လင့်ရပါတယ်။ မစ္စတာ Lew ဟာ မစ္စတာ Obama နဲ့ အရင်တုန်းကသမ္မတဟောင်း Bill Clinton အစိုးရတွေအတွက် ရသုံးခန့်မှန်းခြေ ဘဏ္ဍာရေးရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ သမ္မတအိမ်ဖြူတော်နဲ့ ကွန်ကရက်လွှတ်တော်တို့ကြား ဘဏ္ဍာရေးဆိုင်ရာ ညှိနှိုင်းမှုမှာ အဓိက နေရာကနေ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
အိမ်ဖြူတော်အရာရှိချုပ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုဖွယ်ရှိ
အမေရိကန်သမ္မတ Barack Obama နဲ့ အိမ်ဖြူတော် အရာရှိချုပ် Jack Lew ကို အိမ်ဖြူတော်တွင် တွေ့ရစဉ်။ (ဇန်နဝါရီလ ၉ရက်၊ ၂၀၁၂)