အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ အမေရိကန်နိုင်ငံခြားရေးဌာန ကာကွယ်ရေးဌာနနဲ့ ဘဏ္ဍာရေးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သွားရောက်ဖို့ရှိပါတယ်။
ခရီးစဉ်အတွင်း ရန်ကုန်မြို့အပြင် မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကရင်ပြည်နယ် ဖားအံမြိုနဲ့ နေပြည်တော်တို့ကို သွားရောက်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ ရင်းနှီးမြုပ်နှံမှု ကိစ္စ၊ မြန်မာစစ်ဖက် တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲအခြေအနေ၊ ပြုပြင်ပြောင်းလဲရေးကိစ္စအပါအဝင် လူမှုအဖွဲ့အစည်းတွေရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေကိုလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူမျိုးစု ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို သွားရောက်စဉ်မှာတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ မတူကွဲပြားမှုတွေကို နားလည်လက်ခံမှုတွေ ရှိလာအောင် ဆောင်ရွက်ချက်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Malinowski အနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရာရှိ တွဲဖက်ညွန်ကြားရေးမှုး John Smith နဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးတော့ လူ့အခွင့်အရေး သဘာဝပတ်ဝန်းကျင်အရေး တာဝန်သိ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက လူသားချင်းစာနာကူညီမှု အခြေအနေတွေ ကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။
နေပြည်တော်မှာတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ အတူ မြန်မာစစ်တပ်နဲ့အရပ်ဖက်ခေါင်းဆောင်တွေကို တွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ ဒီတာဝန်မယူခင်မှာ HRW လူ့အခွင့်အရေးစောင့်ကြည်မှုအဖွဲ့ကြီးရဲ့ ဝါရှင်တန်ရုံး ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးကိစ္စရပ်တွေမှာလည်း မပြတ်ထောက်ပြ ဝေဖန်ခဲ့သူတဦးဖြစ်ပါတယ်။