နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင်အဓိက ကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris အနိုင်ရဖို့အတွက် အရေးနိမ့်နိုင်ခြေ ပိုများလာပါတယ်။
နိုဝင်ဘာလ ၅ရက်နေ့ အင်္ဂါနေ့ မဲရုံတွေ ပိတ်ပြီးတာနဲ့ ပြည်နယ်တခုချင်းဆီအလိုက် Trump ရော Harris ပါ အနိုင်အရှုံးကို တခုပြီး တခု ချက်ခြင်း ကြေညာခဲ့ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြယ်နယ် ၇ ခုရဲ့ ရလဒ်က အဓိက အဆုံးအဖြတ်ပေးမယ့်ပုံရှိပါတယ်။
သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ လိုအပ်ပြီး Donald Trump က ပန်ဆဲလ်ဗေးနီးယားနဲ့ ဂျော်ဂျီယာပြည်နယ်၊ မြောက်ကာရိုလိုင်းနား ပြယ်နယ်တွေမှာ အနိုင်ရလိုက်တာကြောင့် အနည်းဆုံး အထူးကိုယ်စားလှယ်မဲ ၂၆၇ အထိ ကပ်လာပါတယ်။
ဒါကြောင့် Kamala Harris အနေနဲ့ Trump ကို နိုင်ဖို့ဆိုရင် မီချီဂန်၊ ဝင်စ်ကွန်ဆင်၊ နီဗားဒါးနဲ့ အာရီဇိုးနား ပြယ်နယ်တွေအပါအဝင် တော်တော်များများကို အနိုင်ရမှ ဖြစ်ပါလိမ့်မယ်။ Donald Trump ကတော့ ဖလော်ရီဒါပြည်နယ်မှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောပြီး အနိုင်ရကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။ ရွေးကောက်ပွဲရလဒ်အရ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်ပါတီ အများစုက အနိုင်ရပြီး အောက်လွှတ်တော်ကိုတော့ ဘယ်ပါတီက အများစု အနိုင်ရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။